ကြက်ဥကို နံနက်ခင်းမှာ စားသင့်တဲ့ အကြောင်းအရင်း ရ ချက်
30-Oct-2016
ကြက်ဥကို အခြားသော အချိန်တွေမှာ စားခြင်းထက် နံနက်ခင်းမှာ နံနက်စာအဖြစ် စားခြင်းဟာ အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
၁။ နွားနို့ ပေါင်မုန့် မီးကင် စတာတွေနဲ့ ကြက်ဥကို စိတ်ကြိုက် တွဲဖက်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ် ကြွယ်ဝစေပါတယ်။ ၂။ ကြက်ဥကို နံနက်ခင်းမှာ စားခြင်းဖြင့် အဝ မလွန်အောင် ကာကွယ်နိုင်ခြင်းနှင့် ဝိ်တ်ကျစေခြင်း စတဲ့ အကျိုး ကျေးဇူးတွေကို ရရှိနိုင်ပါတယ်။၃။ ကြက်ဥဟာ ပရိုတိန်းဓာတ် များစွာပါဝင်တဲ့ အစားအစာဖြစ်လို့ ဝိတ်မနေသူများ နံနက်ခင်းမှာ စားခြင်းဖြင့် ပိုမိုထွားကြိုင်းသော ကြွက်သားများကို ပိုင်ဆိုင်စေနိုင်မှာဖြစ်ပါတယ်။ ၄။ ကြက်ဥဟာ အခြားသော အစားအစာတွေလို စျေးမကြီးလို့ နံနက်ခင်းမှာ နံနံစာ အဖြစ် စားခြင်းဖြင့် ဝင်ငွေချွေတာရာလည်း ရောက်ပါတယ်။ ၅။ နှလုံးရောဂါ ရှိသူများအဖို့ စိုးရိမ်စရာ မလိုဘဲ ကြက်ဥကို စားနိုင်ပါတယ်။ ၆။ နံနက်ခင်း ကြက်ဥစားခြင်းဟာ သင့်၏ ဦးနှောက်နှင့် အာရုံကြောများ အတွက် ကောင်းမွန်စေပါတယ်။ ၇။ အမြင်အာရုံ အတွက်တော့ ပြောစရာမလိုအောင် ကောင်းတဲ့ ကြက်ဥပါ။
Ref - lifehack
ကျော်လင်းနိုင် (ရိုးရာလေး)
Myawady Health
September 6 •2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

