Print

ကျန်းမာရေးကောင်းစေသော အဖြူရောင်အစာများ

  30-Oct-2016
Preview Image

အဖြူရောင်အစာတွေကို လျှော့စားပါလို့ ပြောလိုက်ရင် အခွံချွတ်ထားတဲ့ ဆန်တွေ၊ ဂျုံတွေနဲ့လုပ်ထားတဲ့အစာတွေကိုဆိုလိုတာပါ။ အဖြူရောင်ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ အခွံမာအသီးတွေမှာ ရောဂါကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidants)တွေများစွာ မပါဝင်ပေမယ့် သွေးတိုးရောဂါ၊ နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ အခြားရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အစွမ်းတွေရှိကြောင်း အောက်မှာဖော်ပြလိုက်ပါတယ်။

 

မုန်လာဥ (Turnip)

 

ခွက်တစ်ဝက်စာ မုန်လာဥမှာ ၁၈ ကယ်လိုရီသာ ပါဝင်ပေမယ့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ Glucosinolates ဒြပ်ပေါင်းတွေ များစွာပါဝင်ပါတယ်။

 

ပန်းဂေါ်ဖီ (Cauliflower)

 

ချက်ပြီးသား ပန်းဂေါ်ဖီတစ်ခွက်စာမှာ အရိုးသန်စွမ်းဖို့လိုအပ်တဲ့ ဗီတာမင် K ဟာ သင်ရဲ့နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

 

ကြက်သွန်နီ (Onion)

 

Quercetinတွေများစွာပါဝင်တဲ့အတွက် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

 

မုန်လာဥဖြူ (Radish)

 

ခွက်တစ်ဝက်စာမုန်လာဥဖြူမှာ ကိုးကယ်လိုရီသာပါဝင်ပါတယ်။ ဗီတာမင်စီ များစွာပါဝင်တဲ့အတွက် ခုခံအားစနစ်ကောင်းမွန်စေပါတယ်။

 

ကြက်သွန်ဖြူ (Garlic)

 

သွေးဖိအားလျော့ကျစေနိုင်တဲ့အပြင် ကိုလက်စထရောအဆင့်လည်း လျှော့ချနိုင်ပါတယ်။ ကင်ဆာကို ကာကွယ်နိုင်တဲ့အစွမ်းလည်း ရှိပါတယ်။

 

စိမ်းစားဥ (Parsnips)

 

အမျှင်ဓာတ်နဲ့ ဗီတာမင် C များစွာပါဝင်ပါတယ်။ မတ်ပဲ တစ်ခွက်စာမှာ သင့်ရဲ့နေ့စဉ်အမျှင်ဓာတ်လိုအပ်တဲ့ပမာဏရဲ့ ထက်ဝက်ခန့် ပါဝင်တဲ့အပြင် အသားဓာတ် ၁၄ ဂရမ် ပါဝင်ပါတယ်။

 

Ref:

Mg Mandalay

Monday, July 27, 2015



Related Articles


Advertisment 18