ယောနိခြောက်သွေ့ခြင်း (VAGINAL DRYNESS)
30-Oct-2016
ခန္ဓာကိုယ်၏ ဝေဒနာပရိယာယ်တစ်ခုဖြစ်သည်။ ဤကဲ့သို့ လက္ခဏာမျိုးကို ခံစားရလျှင် ကိုယ့်ယောနိအစိတ်အပိုင်းနှင့် ကိုယ့်စိတ်ဓာတ်တို့ ဘယ်အရာက အခံရခက်သလဲဟု မေးရမလိုဖြစ်သည်။ လိင်ဆက်ဆံမှုပြုလုပ်ရာတွင် ထိုအခြေအနေကြောင့် အဆင်မပြေနိုင်။ အမှန်အားဖြင့် နာကျင်မှု ဝေဒနာကိုလည်း ခံစားရလိမ့်မည်။ ထို့ပြင် ကိုယ့်ကို်ယ်ကို ယုံကြည်မှုမရှိခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကိုယ့်အိမ်ထောင်ဖက်နှင့် ကတောက်ကဆ စိတ်အခန့်မသင့်ဖြစ်ရခြင်းတို့လည်း ပေါ်ပေါက်နိုင်သည်။ စီး့ရက်ကိုစွန့်ရန်“ဆေးလိပ်သောက်ခြင်းသည် ကိုယ်တွင်းရှိ အက်စထရိုဂျင်များကို ပျက်စီးစေသည်” အဆင်ပြေမည့် ချောဆီကိုရွေးသုံးပါ စီးပွားဖြစ်ထုတ်လုပ်ရောင်းချသော ချောဆီမျိုးကို ဤကိစ္စအတွက် သက်သာပြေပြစ်ရန် သုံးစွဲနိုင်သည်။ သို့သော် အနံ့ပါခြင်း၊ အဆီကို အခြေပြုထားသော ချောဆီများကိုရှောင်ရမည်။ ဒေါက်တာ ဂျွန်ဝီလင်က “ထိုချောဆီမျိုးသည် ရေတွင် ပျော်နိုင်ရမည်။ အနံ့အသက်ကင်းရမည်” ဟု ဆိုထားသည်။
အဓိကလိုအပ်ချက်မှာ ဆီကိုအခြေပြုသော ဓာတ်ဆီဂျယ်လီ (Petroleum Jelly) နှင့် ကိုကိုးထောပတ် (Cocoa Butter) တို့ဖြစ်ပြီး အိမ်တွင် မိမိဘာသာ ပြုပြင်သော ချောမွေ့ဆီများကို မသုံးရန်ဖြစ်သည်။ အချို့သူများမှာ မိမိတို့ အိပ်ရာဘေးတွင် ရှိနေသော တွေ့ရာအဆီမျိုးကို အလွယ်ယူသုံးကြပြီး နေလောင်ခြင်းကို ကာကွယ်ရန် လိမ်းသောဆီ (Suntan Oil) ကိုပင် သုံးတတ်ကြရာ ထိုပစ္စည်းများသည် အန္တရာယ်ပေးနိုင်ပေသည်။ ဖက်တီးအက်စစ်များကို အားကိုးပါဖက်တီးအက်စစ် ကြွယ်ဝသော အစာများကို စားပေးခြင်းဖြင့်လည်း များစွာအထောက်အကူပြုနိုင်ပါ သည်။ အကောင်းဆုံးစားဖွယ်များမှာ ဖရုံသီး (Raw Pumpkin) နှင့် နှမ်း၊ နေကြာစေ့တို့ဖြစ်သည်။ ဖက်တီးအက်စစ် ဓာတ်ပါသော ငါးများဖြစ်သည့် ဆာလမွန်၊ တူးနားနှင့် မက်ကားရယ် (Mackerel) ငါးကွန်းရှပ်တို့ အားလုံးကောင်းသည်။ ကောင်းရသောအကြောင်းမှာ သူတို့သည် ကိုယ်ထဲတွင် အက်ထရိုဂျင်ဓာတ်ကို ထိန်းသိမ်းပေးနိုင်သော အာနိသင် ရှိသောကြောင့်ဖြစ်သည်။
ရေပန်းရေမြွှာ ဆေးကြောနည်းမသုံးရရေပန်းရေမြွှာတို့ဖြင့် ပက်ဖျန်း၍ ယောနိကိုဆေးရန် ထုတ်လုပ်ထားသော ဆေးများသည် ယောနိကို ခြောက်သွေ့စေ၏။ ယေဘုယအားဖြင့်ပြောရရင် ဒီလိုဆေးကြောတာ မသင့်ဘူး။ မလုပ်မဖြစ်တဲ့ အခြေအနေမျိုးကျမှပဲ တစ်ခါတစ်ရံ လုပ်သင့်တယ်။စိတ်ပါအောင် နှိုးဆွမှုအချိန်ယူရန်ဒေါက်တာဝီလင်က နှစ်ဦးသား ဆက်ဆံမှုမပြုမီ စိတ်ပါအောင် ယုယနှိုးဆွမှုတွင် အလောတကြီးမဟုတ်ဘဲ အချိန်ယူသင့်သည်ဟု အကြံပေးသည်။ အမျိုးသမီးများသည် အသက်ရလာသောအခါ ဤကိစ္စအတွက် စိတ်ကုန်ခြင်း မဟုတ်ဘဲ စိတ်နှိုးကြွမှု နှေးကွေးသွားခြင်းသာ ဖြစ်သည်ဟု ရှင်းလင်းသည်။
Ref:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
