လှိုင်သာယာဆေးရုံ တိုးချဲ့လေးထပ်ဆောင်အသစ်ကို၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အပြ...
25-Aug-2018
လှိုင်သာယာပြည်သူ့ဆေးရုံကြီး
ယင်းအဆောက်အအုံကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စတင် တည်ဆောက်ပြီး လက်ရှိတွင် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် သည်။ လက်ရှိအထိ အဆိုပါ အဆောက်အအုံအတွက် ကျပ် သန်း ၁,၈၀၀ အသုံးပြုခဲ့ပြီး ကျပ် သန်း ၁,၄၀၀ ခန့် ထပ်မံသုံးစွဲမည် ဖြစ်သည်။
‘‘အခုကတော့ ခုတင် ၂၀၀ ဆံ့ဆေးရုံဆိုပေမယ့် လူနာနဲ့ခုတင် က အချိုးအစားမမျှဘူး။ ကျပ်နေ တယ်။ ဒီအဆောက်အအုံပြီးရင် တော့ လူနာတွေအတွက် ပိုအဆင် ပြေပြီး ဆေးကုသနိုင်ရေးကို ပိုမို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင် မှာဖြစ်ပါတယ်’’ဟု ဒေါက်တာ ဆန်းလွင်ဦးက ပြောသည်။
အဆိုပါအဆောက်အအုံ တွင် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ သွေးလှူဘဏ်၊ စီတီစကန်အခန်း၊ အထူးကုပြင်ပ လူနာဌာနတို့အပြင် သားဖွားမီးယပ်လူနာများအတွက်
ထို့အပြင် ယင်းဆေးရုံကြီးကို သင်ကြားရေးဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်မည့်ကိစ္စနှင်
လှိုင်သာယာ ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးသည် ဧရိယာ ၉ ဒသမ ၂ ဧကခန့်ကျယ်ဝန်းပြီး လှိုင်သာယာရှိ ပြည်သူများသာမက ကွမ်းခြံကုန်း၊ တွံတေး၊ ထန်းတပင်၊ ညောင်တုန်း၊ ရွှေပြည်သာစသော အနီးဒေသများမှ အားကိုးအား ထားပြုနေသည့် ဆေးရုံဖြစ်သည်။
ယင်းဆေးရုံကြီးကို ယခင် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ်မှ ၂၀၁၆ ဇန်နဝါရီကစတင်၍ ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပြီး နေ့စဉ်လူ ၂၅၀ ဦးမှ ၂၈၀ ကြား အတွင်းလူနာအဖြစ် တက်ရောက် ကုသနေသည်။ အထွေထွေ ရောဂါ ပြင်ပလူနာဌာနနှင့် အရေး ပေါ်ဌာနတွင် နေ့စဉ် လူနာဦးရေ ၂၀၀ မှ ၂၅၀ ကြားရှိပြီး အထူးကု ပြင်ပလူနာဌာနတွင် လူနာ ၁၅၀ မှ ၂၅၀ ကြား လာရောက်ပြသလျက်ရှိသည်။
Credit: 7 day news
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
