Print

ပြည်ပမှ ကျွမ်းကျင် ဆရာဝန်ကြီးများကုသပေးမည့် ပုဂ္ဂလိက အထွေထွေရောဂါကု ဆေ...

  27-Feb-2018
Preview Image

ပြည်ပမှ   ကျွမ်းကျင်ဆရာဝန်ကြီးများ သာမက ပြည်ပနည်းစနစ်များကိုပါ အသုံးပြု၍  ဆေးဝါးကုသပေးမည့်  ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးရုံကြီးကို ရန်ကုန်မြို့၌ ယခုနှစ်အတွင်း စတင် တည်ဆောက်မည်ဖြစ်ကြောင်း   တော်ဝင်ဂါးဒင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးထံမှ သိရသည်။


 နိုင်ငံတကာ   စံချိန်စံညွှန်းနှင့် ညီသော အထွေထွေရောဂါကု ပုဂ္ဂလိက ဆေးရုံကြီးကို အမြင့် အထပ် ၂ဝ ဆောက်လုပ်မည်ဖြစ်ပြီး ပြည်ပမှ ဆရာဝန်ကြီးများက နည်းစနစ် မှန်ကန်စွာ  လာရောက် ကုသပေးမည်ဖြစ်ကာ အများပြည်သူ လာရောက်ကုသနိုင်ရန် သက်သာသော ဈေးနှုန်းများဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။ 


''မြန်မာနိုင်ငံမှာက ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အားနည်းနေသေးတဲ့အတွက်    ပြည်ပကို သွားရောက် ဆေးကုသတဲ့သူတွေ   အတော်များတယ်။  ဒါကြောင့် ပြည်တွင်းမှာပဲ စရိတ် သက်သာစွာနဲ့ စနစ်တကျ ကုသနိုင်မယ့် ပုဂ္ဂလိကဆေးရုံ ကြီးတစ်ရုံ   တည်ဆောက်ဖို့ စီစဉ်ရတာပါ။ ခွင့်ပြုချက်တော့ တင်ထားပြီးပါပြီ။ 


ခွင့်ပြုချက်ကျတဲ့အခါ  ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီကို တင်မယ်။ အဲဒီကပြန်ကျလာတာနဲ့ စဆောက်တော့မယ်။ ဒီနှစ်ထဲမှာ စဆောက်မှာပါ။   နောက်နှစ်ပြီးမယ်ထင်ပါ တယ်'' ဟု ဦးကိုကိုထွေး ကပြောသည်။ ထို့ပြင် အခြေခံလူတန်းစားများ အတွက်လည်း Public ဆေးရုံများကို ကိုယ်ပိုင်ဖွင့်သည့် ပုံစံဖြင့်   ဖွင့်လှစ်နိုင်ရန်  စီစဉ်ထားကြောင်း ဦးကိုကိုထွေး ကပြောသည်။


Credit : မြဝတီ



Related Articles


Advertisment 18