အထူးပြုစုစောင့်ရှောက်မှုလိုအပ်သည့် ကလေးငယ်များ တက်ရောက်နိုင်ရန် မွန်ပြ...
30-Nov--0001
အထူးပြုစုစောင့် ရှောက်ရန်လိုအပ်သည့် ကလေး ငယ်များ တက်ရောက်သင်ကြား နိုင်သည့်ကျောင်းတစ်ခုကို မွန် ပြည်နယ် မော်လမြိုင်မြို့လူငယ် သင်တန်းကျောင်းဝင်းအတွင်း၌ဖေဖော်ဝါရီ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။
ထို့ကျောင်းတွင် မသန်စွမ်းသူများအနက် အထူးစောင့်ရှောက်မှု လိုအပ်သည့် အာရုံစူးစိုက်မှု အားနည်းကာ အငြိမ်မနေနိုင်သည့် အော်တစ်ဇင်ကလေးငယ်များ၊ ဦးနှောက်မဖွံ့ဖြိုး၍ အကြားအားနည်းသော (CP) ကလေးငယ်များ၊သင်ယူနိုင်စွမ်း အားလျော့နည်းသည့် ကလေးငယ်များတက်ရောက်နိုင်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။
‘‘မွန်ပြည်နယ်ရဲ့ လူဦးရေ ၅ ဒသမ ၃ ရာခိုင်နှုန်းက မသန်စွန်းသူများဖြစ်ကြတယ်။ မွန်ပြည်နယ်မှာ မသန်စွမ်းသူတွေအတွက် လေ့ကျင့်ရေးသင်တန်းတွေ လိုအပ်နေတယ်။ ဒါကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့၊ အလှူရှင်နဲ့ရန် ကုန်မြို့ New Life Foundation၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန် ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျောင်းအဆောက်အအုံးဖြစ် မြောက်ခဲ့တယ်’’ ဟုဒေါက်တာ အေးဇံကပြောကြားသည်။
ပြည်နယ်အတွင်း အမြင်အာ ရုံမသန်စွမ်းသူ ၃ ရာခိုင်နှုန်း၊ အကြားအာရုံ မသန်စွမ်းသူ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုုယ်အင်္ဂါ မသန်စွမ်းသူ ၂ ဒသမ ၁ ရာခိုင်နှုန်း နှင့် ဉာဏ်ရည်ဆိုင်ရာ မသန်စွမ်းသူ ၁ ဒသမ ၇ ရာခိုင် နှုန်းရှိကြောင်း ဒေါက်တာအေးဇံ ကဆိုသည်။
အဆိုပါ ကျောင်းသည် အလျား ၈၈ ပေ အနံ ၆၆ ပေ RCသုံးထပ်အဆောက်အ အုံဖြစ်ပြီးကုန်ကျစရိတ်ကျပ်သိန်း သုံးထောင် ရှိကာဖေဖော်ဝါရီ ၁၇ ရက်အထိ ယင်းကျောင်းတွင် တက်ရောက် မည့် ကလေးငယ် ၁၄ ဦး ရှိကြောင်းဖွင့်ပွဲ၌ တက်ရောက် သူများကို တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်နယ်တွင် အော်တစ် ဇင်အပါအဝင် မသန်စွမ်းဦးရေ ၁၀၉,၂၉၈ ဦးရှိကာ သင်ယူလေ့ လာခြင်းနှင့် အာရုံစူးစိုက်မှုအား နည်းသူဟုု သတ်မှတ်ထားသည့် အော်တစ်ဇင် မသန်စွမ်းဦးရေ ၃၅,၇၅၃ ဦးရှိကြောင်း မွန်ပြည် နယ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း၌ ရေး သားထားသည်။
Credit : 7 day daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
