Print

သစ်လွင် သားဖွားဆရာမများ လုပ်ငန်း ကျွမ်းကျင်စေရန် တွဲဖက် တာဝန်ချထားမည်

  13-Feb-2018
Preview Image

ရန်ကုန် ဖေဖော်ဝါရီ ၁၂ မြန်မာနိုင်ငံမှ  သစ်လွင် သားဖွားဆရာမများအား    လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန် အမျိုးသမီး ဆေးရုံကြီးများနှင့် သားဖွားလူနာဆောင်များတွင်  တွဲဖက်တာဝန်ချထားမည် ဖြစ်ကြောင်း   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ   သစ်လွင် သားဖွားဆရာမများ အတွက် သားဖွားသိပ္ပံဘွဲ့ ပေးအပ်ရန် စီစဉ်နေပြီး  လုပ်ငန်းခွင်ရှိ  သားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ်(၂) အစရှိသည့် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အတွက် လက်တွေ့ လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ပေးလျက် ရှိကြောင်း သိရသည်။


လက်ရှိတွင် သူနာပြုတက္ကသိုလ် နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သော ကျောင်း ၅ဝ မှ  မြန်မာနိုင်ငံအတွက် လိုအပ်သည့် သူနာပြုနှင့် သားဖွားဆရာမများကို မွေးထုတ်လျက်ရှိရာ သူနာပြုပေါင်း ၃၅ဝဝဝ ကျော်နှင့် သားဖွားဆရာမပေါင်း ၃၇ဝဝဝ ကျော် ကို  လေ့ကျင့်မွေးထုတ်ပေးပြီး  တက္ကသိုလ်နှင့် သင်တန်းကျောင်း အသီးသီး၌ သင်တန်းသားပေါင်း   ၉ဝဝဝ  ကျော်  သင်တန်းတက်ရောက်လျက် ရှိကြောင်း သိရသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင်   လိုအပ်လျက်ရှိသော သူနာပြုပမာဏ အနက် ၅၄ ရာခိုင်နှုန်းသာ လက်တွေ့လုပ်ငန်းခွင်  ဝင်ရောက်နေခြင်းကြောင့် အစိုးရပြည်သူ့ ဆေးရုံများ၌ သူနာပြု ဝန်ထမ်းအင်အား နည်းပါးနေခြင်းဖြစ်သည်။သူနာပြုများနှင့် သားဖွားဆရာမများကိုလည်း  ဝန်ကြီးဌာနအနေဖြင့်  ခေတ်နှင့်လျော်ညီသော  ဝတ်စုံစရိတ်နှင့်  စားစရိတ်များကို ပြင်ဆင်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံ များ၌  သူနာပြုဝန်ထမ်း အင်အား နည်းပါး နေသဖြင့်  သစ်လွင်သူနာပြုများကို   နှစ်အလိုက်   တိုးမြှင့်ခန့်ထားလျက် ရှိကြောင်း သိရသည်။             


Credit  : မြဝတီ        



Related Articles


Advertisment 18