Kalay.com.mm မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဦးစီးကျင်းပတဲ့ ကိုယ်ဝန်ဆော...
22-Sep-2017
Kalay.com.mm မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဦးစီးကျင်းပတဲ့ ကိုယ်ဝန်ဆောင်မေမေများအတွက် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ _ _ _
Kalay.com.mm နဲ့ marry.com.mm website နှစ်ခုကို Marry Network Myanmar ကနေ မြန်မာအမျိုးသမီးများအတွက် အထောက်အကူပြုစေဖို့ရာ ရည်ရွယ်၍ ၂၇.၇.၂၀၁၇ တွင် စတင် မိတ်ဆက်ပေးခဲ့ပြီး ၃.၈.၂၀၁၇ တွင် ‘မျှဝေဆွေးနွေး ပညာပေးကိုယ်ဝန်ဆောင်ကျန်းမာရေး’ ခေါင်းစဉ်နဲ့ Grand Hantha International Hospital တွင် ဦးစီးရန် ပြုလုပ်ပေးခဲ့ပါသည်။ ထိုပွဲတွင် speaker အဖြစ် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမေက္ခ ဒေါက်တာစိုးလွင်က ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်သင့်လဲဆိုတဲ့ အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ပြီး မေမေများကိုယ်စား မပိုးသဇင်မြင့်ဌေးကလည်း Moderator အဖြစ် ပါဝင်ဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲကို လာရောက်မတက်ဖြစ်တဲ့ ကိုယ်ဝန်ဆောင် မေမေများအတွက်လည်း ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဆရာဝန်ကြီး ဒေါက်တာ စိုးလွင်ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကို kalay.com.mm ဝက်ဘ်ဆိုက်တွင် ပြန်လည်ဖော်ပြပေးမည်ဖြစ်ကာ kalay.com.mm တွင် ကိုယ်ဝန်ယူဖို့ စတင်ကြိုးစားနေတဲ့ အချိန်မှ မီးဖွားပြီးတဲ့အချိန်နှင့် သားသားမီးမီးတို့ အသက် ၅ နှစ် ရောက်ရှိတဲ့အချိန်ထိ အသုံးဝင်စေမယ့် အကြောင်းအရာတွေကို ဝင်ရောက်ဖတ်ရှုနိုင်ကြောင်းလည်း သိရှိရပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
