အရေးပေါ်သန္ဓေတားဆေး (morning-after pill) အကြောင်းသိကောင်းစရာ
25-Jun-2018
အရေးပေါ်သန္ဓေတားဆေးသည် အမျိုးသမီးများအတွက် သန္ဓေတားနည်းများထဲမှတစ်မျိုးဖြစ်ပြီး
အမျိုးသားနှင့် အကာအကွယ်မဲ့ ဆက်ဆံပြီးနောက်တွင် အသုံးပြုရသည်။ သို့သော်သန္ဓေတားအတွက်
ပုံမှန်အသုံးပြုသင့်သော နည်းလမ်းမဟုတ်။ အရေးပေါ်သန္ဓေတားဆေးသည် အခြားသန္ဓေတားနည်းမသုံးသော
အမျိုးသမီးများ၊ ပုံမှန်သန္ဓေတားဆေး သောက်သုံးရန်ပျက်ကွက်သူများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း
ခံရသူများအတွက် အသုံးပြုလေ့ရှိသည်။ အရေးပေါ်သန္ဓေတားဆေးသည် သန္ဓေတည်ပြီးသော ကိုယ်ဝန်ကို
ပျက်ကျစေရန် မတတ်နိုင်။ မမျိုးဥမကြွေရန်သာ တားဆီးပေးနိုင်သည်။
အခြားဖြစ်ပေါ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများမှာ
·
မူးဝေအော့အန်ခြင်း
·
ပင်ပန်းလွယ်ခြင်း
·
ခေါင်းကိုက်ခြင်း
·
ရင်သားနာကျင်ခြင်း
·
ဓမ္မတာများခြင်း၊ ဓမ္မတာကြားတွင် သွေးဆင်းခြင်းတို့ဖြစ်တတ်သည်
အရေးပေါ်သန္ဓေတားဆေးကို အကာအကွယ်မဲ့ ဆက်ဆံမှုပြုပြီး ၇၂ နာရီအတွင်း သောက်သုံးရမည်။ ဆေးတစ်လုံးပါ ကဒ်ဆိုလျှင် ၇၂ နာရီအတွင်း ဆေးလုံးကို သောက်နိုင်ပြီး နှစ်လုံးပါကဒ် ဆိုလျှင်ပထမတစ်လုံးကို ၇၂ နာရီအတွင်း သောက်ရမည်ဖြစ်၍ ဒုတိယတစ်လုံးကို ပထမအလုံးသောက်ပြီး ၁၂နာရီ အကြာတွင် သောက်ရမည်။ ဆေးသောက်ပြီး နှစ်နာရီအကြာတွင် အော့အန်ခြင်းဖြစ်ပါက အစမှပြန်၍ သောက်ရမည်။ ထို့အပြင်ဆေးသောက်ပြီး နောက်ပိုင်း အခြားပုံမှန်သန္ဓေတာနည်းအသုံးမပြုမီအထိ အကာအကွယ်မဲ့ အတူနေခြင်းမပြုသင့်။ အရေးပေါ် သန္ဓေတားဆေးကြောင့် ပုံမှန်ရာသီလာချိန်ထက် တစ်ပတ်ခန့်နောက်ကျနိုင်သော်လည်း သုံးပတ်မှလေးပတ်ခန့် နောက်ကျလျှင် ကိုယ်ဝန်ရှိမရှိစစ်ဆေးသင့်သည်။ များသောအားဖြင့် အရေးပေါ်သန္ဓေတားဆေးကို ဆရာဝန်နှင့် မတိုင်ပင်ဘဲသောက်နိုင်သော်လည်း ဆေးသောက်ပြီးနောက် တစ်ပတ်ကျော် ဆက်တိုက်သွေးဆင်းနေလျှင် ၊သုံးပတ်မှငါးပတ်ခန့် ဗိုက်အောင့်လျှင် နေရာလွဲမှားသန္ဓေတည်ခြင်း (Etopic Pregnancy) ဖြစ်နိုင်သောကြောင့် ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။
Dr.Aung Aung
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

