လက်မထပ်မီဆေးပညာရှုထောင့်ကကြည့်သော ကြိုတင်ပြင်ဆင်မှုများ
12-Oct-2017
မြန်မာနိုင်ငံတွင် ဇနီးမောင်နှံလောင်းတို့သည် အိမ်ထောင်သည်ဘဝမရောက်မီ ငွေစုဆောင်းခြင်း၊ နေရာထိုင်ခင်းရှာဖွေခြင်း၊ အလုပ်ရှာခြင်း စသည်ဖြင့် စီးပွားရေး၊ လူမှုရေးရှုထောင့်တို့မှသာ ကြိုတင်ပြင်ဆင်မှုပြုကြလေသည်။ ဆေးပညာရှုထောင့်မှသာ ကြိုတင်ပြင်ဆင်မှုများကိုမူ မသိနားမလည်သဖြင့် ကြိုတင်ပြင်ဆင်မှုမှာ မရှိသလောက်ရှားပါးလေသည်။
သာယာသော အိမ်ထောင်တစ်ခုကို တည်ထောင်ရန်အတွက် ကျန်းမာခြင်း၊ ရောဂါကင်းစင်ခြင်း၊ သားသမီးရတနာထွန်းကားခြင်းတို့သည် အဓိကကျလှပါသည်။
ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများတွင်မူကား ဇနီးမောင်နှံတို့သည် လက်တွင်မူကား ဇနီးမောင်နှံတို့သည် လက်မထပ်မီ ဆရာဝန်နှင့်တိုင်ပင်၍ ဆေးစစ်မှုများ ပြုလုပ်လေ့ရှိကြပါသည်။
ရည်ရွယ်ချက်မှာကား -
- လိင်ကြောင့် ကူးစက်သောရောဂါများ ကင်းဝေးရေး
- မြုံခြင်းတို့မှ ကင်းဝေးရန်
- ခြေလက်အင်္ဂါမစုံသော သားသမီးမရခြင်းတို့မှ ကင်းဝေးရန်
- ကာမဆက်ဆံမှု အဆင်ပြေချောမွေ့ရန်တို့ ဖြစ်ပါသည်။
အကယ်၍ သတို့သားလောင်းတစ်ဦးသည် လက်မထပ်မီ လူပျိုဘဝက အပျော်အပါးလိုက်စားခဲ့ပါက ကာလသားရောဂါရရှိခဲ့လျှင် လက်ထပ်သောအခါ သူ၏ဇနီးအား ကူးစက်သွားပေလိမ့်မည်။ ထို့ကြောင့်လက်မထပ်မီ ကျန်းမာရေးစစ်ဆေးခြင်းသည် အရေးပါလှပေသည်။
အနောက်နိုင်ငံများတွင် လက်မထပ်မီ ဆရာဝန်နှင့်တိုင်ပင်၍ အောက်ပါတို့ကို စစ်ဆေး၍ ရောဂါတွေ့လျှင် ကုသပျောက်ကင်းမှသာ လက်ထပ်ပါသည်။
ယင်းစစ်ဆေးမှုများသည် မြန်မာနိုင်ငံတွင်လည်း ပြုလုပ်နိုင်ပါသည်။ ခဲရာခဲဆစ်လုပ်ငန်းများ မဟုတ်ပါ။ ဆရာဝန်တစ်ဦးဦးထံ အကူအညီတောင်းခံနိုင်ပါသည်။
၁- အထွေထွေကျန်းမာရေး စစ်ဆေးမှုများ
၂- လိင်အင်္ဂါများကို စစ်ဆေးခြင်း
၃- RH သွေးအုပ်စု စစ်ဆေးခြင်း
၄- အိမ်ထောင်ရေးလမ်းညွှန်မှု
အထက်ပါ စစ်ဆေးမှုများပြုလုပ်ပြီး မှအိမ်ထောင်ပြုခြင်းအားဖြင့် ကျန်းမာသောအိမ်ထောင်တစ်ခု တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
Dr.Oliver
Credit : Dr.htun win
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

