Print

တွေ့ရာလူနှင့် လိင်ဆက်ဆံခြင်း

  24-Feb-2017
Preview Image

ယောကျ်ားကလေးများတွင် ပြလိုစိတ်ပြင်းသည့်ရောဂါရှိတတ်သော်လည်း တွေ့ရာလူနှင့် ဆက်ဆံသည့် ရောဂါကိုမူမိန်းကလေးများရော ယောကျ်ားလေးများတွင်ပါတွေ့ရတတ်သည်။

 

လူပေါင်းစုံနှင့် လိင်ဆက်ဆံမှု ရှိခြင်းသည် ညှိယူလွဲသည့် အပြုအမူ တစ်ရပ်ဖြစ်၏။ တွေ့ရာလူနှင့် ဆက်ဆံသည့် အပြုအမူမှာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ငယ်စဉ်က မိဘများ၏ ငြင်းပယ်မှု ခံခဲ့ရခြင်းသည် အကြောင်းရင်းတစ်ခု ဖြစ်၏။ ထိုသူတို့အတွက် လိင်ဆက်ဆံမှုဆိုသည်မှာ လိုလားမှုရခြင်း၊ ချစ်ခင်မှုရခြင်း ဖြစ်ပေသည်။

 

အချစ်ငတ်နေသူတို့အဖို့ မည်သူ့ထံမှ ချစ်ခင်လိုလားမှုကိုမဆို ရယူလိုပေမည်။ အချို့မှာမူ အစွမ်းအစမရှိသူဟု ကိုယ်တိုင်ခံစား နေရခြင်းကြောင့် ဖြစ်နိုင်သည်။ ဤသို့ ဆက်ဆံခြင်းဖြင့် အရေးပါလှသော လူကြီးတစ်ယောက်အဖြစ် ခံစားရသည်။ အချို့မှာ ဖိနှိပ်ထားသော ရန်လိုမှုကြောင့် ဖြစ်တတ်သည်။ မိဘများက စည်းကမ်းတင်းကျပ်လွန်းခြင်း၊ ချုပ်ချယ်လွန်းခြင်းကြောင့် သူသည် လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားသည့် စည်းကမ်းတို့အား ချိုးဖောက်၍ ဆန့်ကျင် တုံ့ပြန်နေခြင်းလည်း ဖြစ်နိုင်သည်။ ဤပြဿနာမှာလည်း ယေဘုယအားဖြင့် စိတ်ကြောင်းရင်းခံဖြစ်ရာ ပြဿနာ အရင်းအမြစ်အား ရှာဖွေဖြေရှင်းသင့်လှပေသည်။

 

Healthcare.com.mm

Ref:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှာကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18