သက်လုံကောင်းကောင်း ပြည့်ပြည့်ဝဝစွမ်းဆောင်နိုင်ရန် ကူညီပေးမည့် နည်းလမ်း...
10-Apr-2020
အမျိုးသားတွေရဲ့
သက်တမ်းတစ်လျှောက်လုံးမှာ သုံးယောက်မှာ တစ်ယောက်က သုက်လွှတ်စောတာ ဒါမှမဟုတ် ပန်းသေးပန်းညှိုးတာဖြစ်တာ
ကြုံဖူးကြတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ပန်းသေပန်းညှိုးဖြစ်တာက တချို့အမျိုးသားတွေမှာ
လိင်ပိုင်းဆိုင်ရာ တက်ကြွလွန်းတာကြောင့် ဖြစ်ရတာပါ။ လိင်အင်္ဂါထဲကို သွေးလုံလောက်စွာ
မရောက်တာ၊ လိင်ဆက်ဆံနိုင်တဲ့အနေအထားရောက်တဲ့အထိ သွေးစီးဆင်းမှု မရှိတာကြောင့် ပန်းသေပန်းညှိုးတာ
ဖြစ်လာတာပါ။
ဒါတင်မကသေးပါဘူး။
လိင်ဆက်ဆံရာမှာ သက်လုံကောင်းဖို့လည်း လိုအပ်ပါတယ်။ သက်လုံကောင်းစေဖို့ ကူညီပေးနိုင်တဲ့
နည်းလမ်းတွေများစွာရှိပါတယ်။
မလိုအပ်ဘဲ ဖိအားပေးတာကိုရှောင်ပါ
စိတ်ဖိစီးမှုနဲ့
လုပ်ဆောင်နေတဲ့အလုပ်မှန်သမျှ အောင်မြင်မှု မရနိုင်ပါဘူး။ အဲဒီလိုပဲ လိင်ဆက်ဆံမှုမှာလည်း
စိတ်ဖိစီးမှုနဲ့ ဖိအားပေးလုပ်ဆောင်မှုတွေ ရှိနေရင် သက်လုံမကောင်းတာကြောင့် ကြာရှည်စွမ်းဆောင်နိုင်မှာ
မဟုတ်ပါဘူး။
နှိုးဆွပေးဖို့လိုအပ်တယ်
နှိုးဆွမှု မရှိဘဲ
လိင်ဆက်ဆံမယ်ဆိုရင် နာကျင်စေတဲ့အပြင် သက်လုံကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ
နှိုးဆွမှုကို ဦးစွာ ပြုလုပ်ပေးဖို့ လိုပါတယ်။
အဝမလွန်အောင်ထိန်းပါ
ကိုယ်အလေးချိန်က
ပုံမှန်ထက်များစွာ တက်နေမယ်ဆိုရင် မောပန်းလွယ်ပြီး သက်လုံကောင်းမှာ မဟုတ်ပါဘူး။ ကိုယ့်အရပ်နဲ့
ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကိုသာ ထိန်းထားနိုင်မယ်ဆိုရင် လိင်ဆက်ဆံရာမှာ သက်လုံကောင်းပြီး
ပိုမိုစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဝလွန်နေမယ်ဆိုရင် ကျန်းမာရေး ပြဿနာတွေလည်း များစွာ
ရင်ဆိုင်ရနိုင်ပါတယ်။ မကျန်းမာတဲ့သူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကိုလည်း
ကောင်းစွာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
Kegel လေ့ကျင့်ခန်းလုပ်ဆောင်ပါ
Kegel လေ့ကျင့်ခန်းက
အရမ်းကိုလွယ်ကူပြီး တင်ပါးဆုံကြွက်သားတွေကို သန်စေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။
သက်လုံကောင်းစေပြီး လိင်တံထောင်မတ်ချိန်ကိုလည်း ကြာမြင့်စေတာကြောင့် စွမ်းဆောင်နိုင်ရည်
ကောင်းကောင်းနဲ့ ကြာရှည်စေမှာ ဖြစ်ပါတယ်။
တက်ကြွစွာ နေထိုင်ပါ။
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုအနေနဲ့
တစ်နေ့ကို နာရီဝက်နဲ့အနည်းဆုံး တစ်ပတ် ၅ ရက်လောက်လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှသာ ခန္ဓာကိုယ်တွင်း
သွေးလှည့်ပတ်မှုကောင်းမွန်ပြီး သက်လုံလည်း ကောင်းစေမှာ ဖြစ်ပါတယ်။
အရက်ရှောင်ပါ
အရက်က လိင်ပိုင်းဆိုင်ရာ
စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေပါတယ်။ အယ်လ်ကိုဟောက လေးလံစေပြီး လိင်တံထောင်မတ်ဖို့အတွက်လည်း
ပြဿနာရှိပါတယ်။ အိမ်ထောင်ရေးသာယာပြီး ဆန္ဒတွေ ပြည့်ပြည့်ဝဝ အသုံးချမယ်ဆိုရင်တော့ အရက်ကို
ရှောင်တာအကောင်းဆုံးပါ။
အစားအသောက်ကို မျှတအောင်စားပါ
ကျန်းမာရေးနဲ့ညီညွှတ်စွာမျှတအောင်
စားသုံးတတ်ဖို့က အလွန်ပဲလိုပါတယ်။ အဆီနည်းတာတွေ စားပါ။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။
အသားတွေစားတဲ့အခါ အဆီဖယ်စားပါ။ ခန္ဓာကိုယ်အတွက် ကျန်းမာစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာကိုလည်း
ကျန်းမာစေပါတယ်။
အိပ်ရေးဝဝအိပ်ပါ
တစ်နေ့ကို အိပ်ချိန်
၇ - ၈ နာရီရအောင် အိပ်ပါ။ အိပ်ရေးမဝပါက နွမ်းနယ်နေလို့ စွမ်းဆောင်ရည် မပြည့်ဝတဲ့အပြင်
ကျေနပ်ပျော်ရွင်မှုလည်း မရနိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး အိပ်ရေးဝနေမယ်ဆိုရင်
အာရုံစူးစိုက်မှုကောင်းပြီး ကျေနပ်နှစ်သက်မှုကို အပြည့်အဝရရှိနိုင်မှာပါ။
စိတ်ဖိစီးမှုတွေနဲ့ ဝေးရာမှာနေပါ
စိတ်ဖိစီးမှုများမယ်ဆိုရင်
ပန်းသေပန်းညှိုးဖြစ်နိုင်ခြေများပါတယ်။ စိတ်ဖိစီးမှုတွေ ခံစားနေရတယ်ဆိုရင် အပန်းဖြေအနားယူပါ။
စိတ်ကို အနားပေးပါ၊ ယောဂကျင့်တာ၊ တရားထိုင်တာတွေလုပ်ဆောင်ပါ။
Credit : အလင်း (ဆေးဝါး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
