Erectile Dysfunction ပန်းသေ-ပန်းညှိုး
20-Mar-2020
Erectile Dysfunction
လိင်အင်္ဂါသန်မာဘို့ရာ
ဖြစ်စဉ် ၂ ခုရှိပါတယ်။
(၁) လိင်အင်္ဂါကို
ထိကိုင်တဲ့အခါ တုံ့ပြန်မှုနဲ့ အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ
လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့် (နိုက်ထရစ်အောက်ဆိုက်)
တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲက Corpora cavernosa ထဲမှာရှိတဲ့ အနုစားကြွက်သားတွေ
ပျော့ကျယ်လာစေမယ်။
(၂) စိတ်ပိုင်းကနေ
လုပ်ပေးတာ။ လိင်စိတ် ဖြစ်ပေါ်လာခြင်းကနေ အစပျိုးတယ်။
ED ရောဂါဟာ
တကမ္ဘာလုံးမှာ ဖြစ်ကြတာ များတယ်။ အသက် ၆ဝ ကျော်ရင် ၃၅% မှာ ပန်းသေ-ပန်းညှိုး ရှိနေကြတယ်။
ယောက်ျားတွေဟာ ဆေးများများသောက်လေလေ ပန်းသေ-ပန်းညှိုးဖြစ်နိုင်ခြေ များလေလေဖြစ်တယ်။
ဖြစ်နေရင်လဲ ပိုဆိုးစေနိုင်ပါသေးတယ်။ အသက် ၄၆ နှစ်ကနေ ၆၈ နှစ်ကြားအရွယ်ရှိတဲ့ အတန်းအစားပေါင်းစုံက
ယောက်ျားပေါင်း ၃၇၇၁၂ ယောက်ကို ဆန်းစစ်ခဲ့တာပါ။
ပန်းသေ-ပန်းညှိုး
အချက် (၉) ချက်
1. စိတ်ဓါတ်ကျခြင်း
2. အရက်
3. ဆေးဝါး
ED ဖြစ်စေနိုင်တဲ့
ရောဂါကု ဆေးဝါးတွေရှိတယ်။ သွေးတိုးကျဆေး၊ အနာသက်သာဆေး၊ စိတ်ကျဆေး၊ နောက်ပြီး
Street drugs မူးယစ်ဆေးတွေထဲက Amphetamines, Cocaine နဲ့ Marijuana တွေကနေလဲ ဖြစ်စေနိုင်တယ်။
4. စိတ်-ရုပ်
ဖိစီးမှု
5. ဒေါသ
6. စိုးရိမ်စိတ်
7. အဝလွန်ခြင်း
8. လိင်စိတ်နည်းနေခြင်း
9. ကျန်းမာရေး
အာရုံကြော၊
ကြွက်သား၊ သွေးလှည့်ပတ်မှုတွေ ကောင်းနေရမယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောကျဉ်း၊ ဆီးအကျိတ်
ရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ ဒီရောဂါအတွက် ဆေးတွေကလနေလဲ ဖြစ်နိုင်တာ တချို့ရှိတယ်။
Testosterone
(တက်စတိုစတီရုန်း)
ဟော်မုန်းနည်းနေသူဟာ
လိင်စိတ်လာတာ နည်းနေမယ်၊ နေမကောင်း ထိုင်မသာဖြစ်နေမယ်၊ စိတ်ဓါတ် ကျနေမယ်၊ အာရုံစိုက်ရတာ
မှတ်သားရတာ အားနည်းနေမယ်၊
ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ
= အဆီပြန်မယ်၊ ဝက်ခြံပေါက်မယ်၊ ကိုယ်ရောင်မယ်၊ ရင်သားထွားမယ်၊ အိပ်ရေးပျက်မယ်၊ ကျား-အစေ့
သေးသွားနိုင်တယ်၊ ကိုလက်စထော အနည်း-အများပြောင်းမယ်၊ သွေးနီဥများမယ်၊ သုက်ပိုးနည်းစေပြီး
ကလေးမရဖြစ်စေနိုင်တယ်။
ဒေါက်တာတင့်ဆွေ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
