မွေးလမ်းကြောင်းကင်ဆာ
16-Sep-2018
အန္တရယ်ရှိသောကင်ဆာဆဲလ်များ မွေးလမ်းကြောင်းအတွင်း ရှိနေခြင်းကို မွေးလမ်းကြောင်းကင်ဆာဟုခေါ်သည်။ မွေးလမ်းကြောင်းဆိုသည်မှာ သားအိမ်မှစ၍ မိန်းမကိုယ်အပြင်ဘက်ထိ ဆက်သွယ်ပေးထားသော လမ်းကြောင်းကိုခေါ်ပါသည်။ မွေးလမ်းကြောင်းကင်ဆာသည် သမရိုးကျရောဂါတွေလိုမဟုတ်ပါ။ မွေးလမ်းကြောင်းကင်ဆာနှစ်မျိုးရှိပါသည်။
(၁) Squamous Cell Carcinoma – Squamous လို့ခေါ်တဲ့ ပါးလွာပြီးပြားတဲ့ ဆဲလ်မှဖြစ်ပေါ်လာတဲ့ ကင်ဆာဆဲလ်သည် မိန်းမကိုယ်အတွင်းနံရံတွင်ရှိနေတတ်ပြီး အဆုတ်၊ အသည်းနှင့် အရိုးများအထိ တဖြည်းဖြည်း ကူးစက်နိုင်ပြီး အများအားဖြင့်အဖြစ်များတဲ့ မွေးလမ်းကြောင်းကင်ဆာတစ်မျိုးဖြစ်ပါတယ်။
(၂) Adenocarcinoma: မိန်းမကိုယ်ထဲရှိ အရည်ထုတ်ပေးတဲ့ဂလင်းမှ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ဒီဂလင်းဆဲလ်တွေက မိန်းမကိုယ်အတွင်းမှာ ရှိနေပြီး လိုအပ်တဲ့ အချွဲအကျိတွေကို ထုတ်ပေးနေတာပဲဖြစ်ပါတယ်။ အခုကင်ဆာဆဲပုံစံက အပေါ်ကဖော်ပြခဲ့တဲ့ Squamous လိုပဲ အဆုတ်နဲ့ သွေးဖြူဥအထုံးတွေကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
ဒီလို ကင်ဆာဆဲလ်တွေဖြစ်ပွားစေနိုင်တဲ့ အပြုအမူတွေအများကြီး ရှိပါတယ်။ ဒါက ဒီလိုပုံစုံတွေ အခြေအနေတွေ ရှိနေရင် ကင်ဆာဖြစ်နိုင်တယ်လို့ ကြိမ်းသေပြောတာမဟုတ်ပင်မယ့် အခွင့်အလမ်း ရှိနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
အကယ်၍ သင်က –
အသက် ၆၀ ကျော်နေခြင်း
HPV ဗိုင်းရစ်ရှိခြင်း (သို့) ကူးစက်ခံရဖူးခြင်း
ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ သားအိမ်ခေါင်းအတွင်းရှိခဲ့ဖူးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာရှိနေခြင်း
ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ သားဥအိမ်အတွင်း ရှိခဲ့ဖူးခြင်း
သားအိမ်ကို ထိခိုက်စေနိုင်သည့် ခွဲစိတ်မှုမျိုး (ဥပမာ – သားအိမ်နဲ့ပတ်သက်၍ တစိတ်တပိုင်း ဒါမှမဟုတ် အားလုံး ခွဲစိတ်ထားဖူးခြင်း)
စတဲ့အခြေအနေတွေရှိရင် မွေးလမ်းကြောင်းကင်ဆာဖြစ်စေဖို့ အခွင့်အရေးရှိပါတယ်။
Credit : webmd.com
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
