အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရရှိနိုင်သောအချိန်
24-Feb-2017
ပျိုဖော်ဝင်ချိန်တွင် မိန်းကလေးများသည် သားဥကြွေပြီး ရာသီသွေးစတင်ဖြစ်ပေါ် လာသည်။ ယောကျ်ားလေးများမှာ သုက်ကောင်ကို စတင်ထုတ်လွှတ်သည်။ အမျိုးသမီး များသည် အသက် (၅၀) ပတ်ဝန်းကျင်တွင် သားဥကြွေခြင်း ရပ်တန့်သွားသည်။ ၎င်းကို သွေးဆုံးသည်ဟုခေါ်သည်။ အမျိုးသားတွင်မူ ဘဝတစ်လျှောက်လုံး သုက်ကောင် ကိုထုတ်လွှတ်နိုင်သည်။
အမျိုးသမီးတစ်ဦးကိုယ်ဝန်ရှိလာရန်အတွက် သက်ရှိသုက်ကောင်နှင့် သားဥပြွန် တစ်လျှောက် ရွေ့လျားနေသော သားဥဆဲလ်တို့ တွေ့ရန်လိုအပ်သည်။ အမျိုးသမီးများတွင် တစ်လလျှင်တစ်ကြိမ် သားဥကြွေသည်။ ယေဘုယအားဖြင့် ရာသီသွေးမပေါ်မီ နှစ်ပတ် အလိုတွင် သားဥကြွေလေ့ရှိသည်။ သားဥသည် ကြွေပြီး (၃) ရက်ထိ အသက်ရှင်နိုင်သည်။
သုက်ကောင်သည် သားအိမ်ထဲတွင် (၇) ရက်ခန့် အသက်ရှင်နိုင်သည်။ ထို့ကြောင့် တစ်လလျှင် (၁၀) ရက်ခန့် (သားဥမကြွေမီ (၇) ရက်နှင့် ကြွေပြီး (၃) ရက် ) မျိုးအောင်နိုင်သည်။ ထိုအချိန်အတွင်း အမျိုးသမီးတစ်ဦးသည် သန္ဓေတားနည်း တစ်မျိုးမျိုးကို အသုံးမပြုဘဲ လိင်ဆက်ဆံပါက ကိုယ်ဝန်ရှိလာနိုင်သည်။
ကိုယ်ဝန်မရရှိစေရန် ရက်ရှောင်သောနည်းကို အသုံးပြုခြင်း သည် သေချာသော နည်းလမ်းမဟုတ်ပါ။ သားဥကြွေချိန်ကို အတိအကျသိရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ရာသီသွေးစက်ဝိုင်း (၂၈) ရက်ပုံမှန်ဖြစ်သော အမျိုးသမီးများပင်လျှင် သားဥကြွေချိန်ကို အတိအကျမှန်းဆ၍မရနိုင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

