ခါးနာရောဂါအတွက် သတင်းကောင်း
05-Mar-2019
အချိန်အနည်းငယ်စောင့်ကြည့်ပါ။
ခါးနာခြင်း၏
၉၀ ရာခိုင်နှုန်းသည် ကုသမှုကို အလေးမထားဘဲ ခြောက်ပတ်အတွင်း အလုပ်လုပ်ခြင်းဖြင့် အလိုအလျှောက်
သက်သာသွားပါသည်ဟု Glasgow ရှိစကော့တလန် အနောက်တိုင်းမှ Dr.Gordon Waddell က ပြောသည်။
တစ်နည်းအားဖြင့် နောက်ကျောတွင် ကြွက်သားများ တင်းတောင့်ခြင်း၊ အဆစ်အကြောများ နာခြင်းကို
ပုံမှန်အားဖြင့် ရက်အနည်းငယ်အတွင်း သက်သာသွားပြီး လှုပ်လှုပ်ရှားရှား နေထိုင်ပါက သဘာဝအလျောက်
အလိုလိုပျောက်ကင်းသွားသည်။
Aspirin(အက်စပရင်း)
သို့မဟုတ် အခြားအိမ်၌ရှိသော အကိုက်အခဲသက်သာစေသော ဆေးပြားသောက်ပါ။ ထို့နောက်ပုံမှန်လုပ်ငန်း
လုပ်ဆောင်ပါ။ ဖြစ်နိုင်ပါက သက်သောင့်သက်သာ လေ့ကျင့်ခန်း လုပ်ပေးပါ။
သင့်ခြေထောက်ပေါ်
ပြန်ရပ်ပါ။
တစ်ရက်နှစ်ရက်
အနားယူခြင်းက အနည်းငယ်သက်သာမှုပေးသည်။ ဒါပေမဲ့ အိပ်ရာထဲမှာ ပက်လက်နားနေခြင်းက သင့်ကို
တစ်လပြန်၍ လဲသွားနိုင်တယ်ဟု နယူးအင်္ဂလန် Spine Institude မှ ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်
Sheilla Reid က သတိပေးထားသည်။
အလျင်စလို
ဓာတ်မှန် မရိုက်ပါနှင့်
ကျန်းမာရေးစောင့်ရှောက်မှု
ပေါ်လစီနှင့်သုတေသနက ခါးနာခြင်းအတွက် ရလဒ်များကို အဓိကစူးစမ်းရှာဖွေသူ Dr.Richard
Dryo က ခါးနာခြင်းအများဆုံးဖြစ်စေခြင်း နုနယ်သော တစ်သျှူး ကြွက်သားများ၊ အရွတ်များ
သို့မဟုတ် ကျောရိုးကွေးညွှတ်ခြင်း စသည့် အရိုးနှင့် ပတ်သက်သော ထူးခြားသော သံသယဖြစ်ဖွယ်မရှိပါက
ခြောက်ပတ်ထက်မကြာသော ခါးနာခြင်း အတွက် ဓာတ်မှန်ရိုက်ရန် မလိုပါ။
ခွဲစိတ်ရန်
သင့်၊မသင့်။
“သီးခြားပြဿနာများရှိသည့်
လူနာအနည်းငယ်အတွက်သာ ခွဲစိတ်ကုသဖို့ နောက်ဆုံးနည်းဖြစ်ပါတယ်” ဟု Dr. Deyo က ပြောသည်။
Stanford မှ Dr. Jeffrey A နှင့် Joel S. Saal တို့က နှစ်နှစ်တာကာလအတွင်း လေ့လာထားသော
ယခင်သုတေသနရလဒ်များကို ထောက်ခံထားသည့် စစ်တမ်းတစ်ခု၌ အရိုးချပ်ပြားများ လွဲနေခြင်း၊
တင်နှင့်ပေါင်ကိုက်ခဲခြင်း၊ ခြေလက်များပျော့ပြီး လှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက်
ခွဲစိတ်ရန်လိုအပ်သည့် လူနာ ၁၈ဦးကို လေ့လာကြသည်။ လူနာ ၁၈ဦးကို ခွဲစိတ်မှုနှောင့်နှေးပါက
နာတာရှည်လူနာဖြစ်လိမ့်မည်ဟု သူတို့၏ ဆရာဝန်များက ပြောထားပြီးဖြစ်သည်။ Dr.Saals တို့က
ထိုလူနာများကို လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းက အိပ်ရာတွင်
နားသည်ထက် ပိုကောင်းကြောင်း ပညာပေးခြင်းလုပ်ကြသည်။ လူနာ ၅၀ဦးသည် ခွဲစိတ်ရန်မလိုဘဲ
ကောင်းသွားကြသည်။ခြောက်ဦးသာ ခွဲစိတ်ရန်လိုတော့သည်။
လေ့ကျင့်ခန်းလုပ်ပါ။
သာမန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကျောရိုးအတွက် အမြဲသန်မာသော ကြွက်သားဖွံ့ဖြိုးမှုကို ပေးသည်ဟုArizona ပြည်နယ် Barrow Neurological Institude ၏ နာဗ့်ကြောဆိုင်ရာ ခွဲစိတ်ဌာနခွဲ ဒုတိယဥက္ကဋ္ဌ Dr.Volker Sonntag က ပြောသည်။ ရုတ်တရက် လှုပ်ရှားခြင်း၊ ကုန်းမိခြင်း၊ အလေးအပင်မခြင်းတို့ကိုလည်း ခံနိုင်စွမ်းရှိလာမည်ဟုလည်း ရှင်းပြသည်။
Credit :
ဒေါ်စောကြိုင်(အငြိမ်းစားပါမောက္ခ)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
