မကူးစက်နိုင်သည့်ရောဂါများ (Non-communicable disease)
22-Oct-2017
မကူးစက်နိုင်သည့် ရောဂါများထဲတွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ၊ လေဖြတ်ရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ စသည့်ရောဂါများပါ၀င်သည်။ ယင်းရောဂါတို့သည် တစ်ချိန်က ဖွံ့ဖြိုးပြီး ချမ်းသာသည့်နိုင်ငံ များတွင်သာဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအချိန်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများကိုပါ သက်ရောက်လာနေပြီ ဖြစ်သည်။ ယခုအခါလေ့လာချက်များအရ မကူးစက်နိုင်သည့်ရောဂါများကြောင့်သေဆုံးသူမှာ တခြားကူးစက်သည့်ရောဂါများဖြစ်သည့် HIV, TB, MALARIA, DIARRHOEA အစရှိသည့်ရောဂါများအားလုံး ပေါင်းခြင်းထပ်ပင်ပိုများနေသည်ကို တွေ့ရှိရသည်။
မကူးစက်နိုင်သည့်ရောဂါများမှ ကာကွယ်ခြင်း ( Prevention from NCDs)
အထက်ပါရောဂါများသည် လူတစ်ယောက်မှ တစ်ယောက်ဆီသို့ မကူးစက်နိုင်ပေ၊ ရောဂါလက္ခဏာပြရန်လည်း နှစ်ပေါင်းများစွာ ကြာတတ်ပေသည်။ လူတစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ခြင်းကြောင်း အများစုမှာ မကူးစက်နိုင်သည့်ရောဂါတို့ကို သတိမထားမိကြပေ။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း သည်လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူတိိုင်းမလုပ်နိုင်ခြင်းကြောင့် မိမိအသိစိတ်ဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်းတွေ့ရှိရပေသည်။
ဘယ်သူတွေရောဂါဖြစ်နိုင်ချေအများဆုံးလဲ
- အရက်နှင့် ဆေးလိပ်ကို စွဲမြဲစွာသောက်သုံးလာသူများ
- ကိုယ်လက်လှုပ်ရှားမှု အားနည်းပြီး အထိုင်များသူများ
- သွေးတိုးရောဂါရှိသူများ
- ပုံမှန်ရှိသင့်သည့် ကိုယ်အလေးချိန်ထပ် ပိုများနေသူများ၊ အဝလွန်သူများ
- အဆီအဆိပ့်ကြိုက်သူများ
- ကျန်းမာရေးနှင့်ညီညွတ်စွာ မစားသောက်သူများ
Credit: WHO
Dr. Oliver
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
