သွေးတိုးရောဂါ လက္ခဏာ
01-Mar-2017
သွေးတိုးရောဂါဟာ များသောအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် သွေးတိုးရောဂါရှိလို့ ရှိမှန်း မသိတဲ့သူတွေ အသက်ဆုံးရှုံးကြရတာ ဒုနဲ့ဒေးပါ။ ဒါကြောင့် ဆေးပညာရှင်တွေက သွေးတိုးရောဂါကို အသံတိတ်လူသတ်သမား (silent killer) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ သွေးတိုးရောဂါလားရယ်လို့ သံသယ ဖြစ်နိုင်စရာ လက္ခဏာတွေ ပြတတ်ပါတယ်။ ဥပမာ- ခေါင်းမူးမယ်၊ ခေါင်းအုံမယ်၊
ဇက်ကြောတွေ တောင့်တင်းမယ်၊ ဇက်ကြောထိုးမယ်၊ မျက်လုံးပြာသွားပြီး မိုက်ခနဲဖြစ်မယ်၊ ပျို့အန်တတ်မယ်။ ဒီလိုလက္ခဏာတွေလည်း ပြတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သွေးတိုး ရောဂါ ရှိ၊ မရှိ သိနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သွေးပေါင်ချိ်န် မှန်၊ မမှန် စစ်ဆေးသင့်တာပါပဲ။ သွေးပေါင်ချိန် တိုင်းတာခြင်းကလည်း နေရာ၊ အချိန်၊ အနေအထားပေါ် မူတည်ပြီး စနစ်တကျ မှန်ကန်ဖို့ လိုပါတယ်။
၁။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများ
သွေးတိုးရောဂါကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေကတော့
နှလုံးအခုန်မှားခြင်း၊
နှလုံးအားနည်းခြင်း၊
နှလုံးသွေးကြောပိတ်ခြင်း၊
သွေးကြောမကြီးရောင်ခြင်း၊ အက်ကွဲခြင်း၊
လေဖြတ်ရောဂါ၊
ကျောက်ကပ်ရောဂါ တို့ကို ဖြစ်စေနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ပါမောက္ခဦးတင်လတ် ( နှလုံးအထူးကုဆရာဝန်ကြီး )
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာများ စာအုပ်မှ ကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
