Print

သက်ကြီးအရိုးအဆစ်နာရောဂါ(Osteoarthritis)ခံစားရသူများ အတွက် ဘဝနေထိုင်မှု...

  16-Mar-2020
Preview Image

Osteoarthritis (OA) ဆိုတာjointလို့ခေါ်တဲ့အရိုးအဆစ်တွေပျက်စီးလာခြင်းကြောင့်ဖြစ်တာဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ ့အမျှ အရိုးအဆစ်တွေပျက်စီးမှုက ပိုများလာလေဖြစ်ပါတယ်။ Cartilageလို့ခေါ်တဲ့ အရိုးနုတွေထိခိုက်ခြင်း၊အဆစ်လွဲခြင်းနဲ ့အရွတ်မှာဒဏ်ရာရခြင်းတွေကလည်း အရိုးအဆစ်ကို ပျက်စီးစေတဲ့အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် မိသားစုရာဇဝင်ရှိခြင်း၊ အမျိုးသမီးဖြစ်ခြင်းနဲ့ အဝလွန်ခြင်းတွေဟာလည်း OAကိုဖြစ်စေနိုင်ပါတယ်။ ဒီလို သက်ကြီးအရိုးအဆစ်နာရောဂါ (OA)ကို ခံစားနေရသူအတွက် သင့်လျော်တဲ့ ဘဝနေထိုင်မှုပုံစံနည်းလမ်းတချို ့ကို ဖော်ပြပေးလိုက်ပါတယ်။


၁) လေ့ကျင့်ခန်းပြုလုပ်ခြင်း

ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင့်ရဲ ့အရိုးအဆစ်ပတ်လည်မှာရှိတဲ့ ကြွက်သားကို ဆွဲဆန့်ပေးပြီး တောင့်တင်းခြင်းကို သက်သာစေပါတယ်။ လမ်းလျှောက်ခြင်း၊ရေကူးခြင်းစတဲ့လေ့ကျင့်ခန်းတွေကို တနေ့ကို အနည်းဆုံးမိနစ်၂၀၊နာရီဝက်လောက်ပြုလုပ်ပေးပါ။ တိုက်ချိကစားခြင်းနဲ့ယောဂလေ့ကျင့်ခြင်းကလည်း အရိုးအဆစ်တွေကို ပိုမိုပျော့ပြောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်။


၂)ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်တိုးခြင်းဟာ အရိုးအဆစ်တွေကိုဖိထားသလိုဖြစ်ပြီး နာကျင်မှုကိုဖြစ်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် အရိုးအဆစ်တွေအပေါ် ဖိအားပေးခြင်းနဲ့နာကျင်မှုဖြစ်စေခြင်းကို သက်သာစေပါတယ်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိခြင်းက ဆီးချို၊နှလုံးစတဲ့ ရောဂါတွေမဖြစ်အောင် လည်းကာကွယ်ပေးနိုင်ပါတယ်။


၃)အိပ်ရေး၀၀အိပ်စက်ခြင်း

ကြွက်သားတွေကို အနားပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုပြုပါ။ အလွံအကျွံအလုပ်မလုပ်ပါနဲ့။ ညမှာ အိပ်ရေး၀၀အိပ်ခြင်းဟာ အရိုးအဆစ်တွေနာကျင်ခြင်းကို ထိရောက်စွာ သက်သာစေပါတယ်။


၄)အပူအအေးကပ်ခြင်း

နာနေတဲ့နေရာကို အပူ သို့မဟုတ် အအေးကပ်ခြင်းဖြင့် ကြွက်သားနာကျင်တောင့်တင်းမှု ကိုသက်သာစေနိုင်ပါတယ်။ ရောင်နေတဲ့ အရိုးအဆစ်နေရာကို အအေး သို့မဟုတ် အပူကို တစ်ကြိမ်လျှင် ၁၅မိနစ်မှ မိနစ်၂၀ခန် ့နှင့် တစ်နေ့တွင် အကြိမ်ပေါင်းများစွာဖိထားပေးပါ။


၅)စားသောက်ရမည့်အစားအစာများ

ဗီတာမင်စီ၊ဒီ၊ဘီတာကရိုတင်းနဲ ့အိုမီဂါ၃ဖက်တီးအက်ဆစ်တွေပါဝင်တဲ့ အစားအစာတွေက OAကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ခရမ်းချဉ်သီး၊သံလွင်ဆီ၊အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆံတွေ၊ ဆယ်လ်မွန်ငါး၊တူနာငါး၊ငါးသေတ္တာငါးစတဲ့ ငါးတွေနဲ့ လိမ္မော်သီး၊ ဘယ်ရီသီးလို အသီးအနှံတွေစားသုံးခြင်းအားဖြင့် အရိုးအဆစ်နဲ့ကြွက်သားရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။

Dr. MMO

Ref: Healthline



Related Articles


Advertisment 18