Achlasia( အဂလယ်ဆီးရား)
24-Sep-2018
Achlasia ဆိုသည်မှာ အစာရေမျိုပြွန်ကြွက်သားများတောင့်တင်းနေသည့်အတွက် အစာမျိုရာတွင် ပုံမှန်အတိုင်း ကောင်းမွန်စွာမမျိုနိုင်သောကြောင့် အစာအိမ်ထဲသို့အစာများ ကုန်စင်စွာရောက်မသွားသော ရောဂါဖြစ်သည်။
လက္ခဏာများ
အစာနင်ခြင်း၊နာခြင်း။
ရင်ပူခြင်း။
ရင်ဘတ်အောင့်ခြင်း။
ကိုယ်အလေးချိန်ကျသွားခြင်း။
အစာများ အဆုတ်လမ်းကြောင်းသို့ ရောက်သွားပါက အဆုတ်လမ်းကြောင်းပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။။
ဖြစ်စေသောအကြောင်းရင်းများ
အစာရေမျိုပြွန်ကို ထောက်ပံ့ပေးထားသည့် အာရုံကြောများ မကောင်းသောကြောင့် ကြွက်သားများပုံမှန်အတိုင်းလှုပ်ရှားမှု မလုပ်နိုင်ဘဲ အစာများနင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
Barium swallow- ဘေရီယမ်သတ္တုသုံး၍ ဓာတ်မှန်ရိုက်ခြင်း။
Endoscopy- အစာအိမ်မှန်ပြောင်းသုံး၍ စစ်ဆေးခြင်း။
Manometry- အစာရေမျိုပြွန်အတွင်းရှိ ဖိအားတိုင်းတာခြင်း။
ကုသခြင်း
ကုသရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဖြစ်စေသောအကြောင်းအရင်းကို အမြစ်ပြတ်အောင် ကုသ၍ မရသော်လည်း ခံစားနေရသောလက္ခဏာများကို သက်သာအောင်ပြုလုပ်ပေးခြင်းဖြစ်သည်။
Medication-ဆေးပေးကုသခြင်း။
Dilitation-ကျဉ်းနေသည့် နေရာအား ချဲ့ ပေးခြင်း
Botox injection – botulinum toxin ထိုး၍ ကြွက်သားပျော့ပျောင်းအောင်ပြုလုပ်ခြင်း။
Surgery- ခွဲစိတ်ကုသခြင်း။
ထို့အပြင် ထိုရောဂါသည် မကုသဘဲကြာရှည်စွာထားပါက ကင်ဆာအဖြစ်သို့ ပြောင်းသွားနိုင်သောကြောင့် ရောဂါလက္ခဏာများပေါ်ပေါက်သည်နှင့် ကုသမှုခံယူသင့်ပါသည်။
Ref : NHS choices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
