အသည်းကျုံ့ကြွပ်ရောဂါ
01-Mar-2017
အသည်းကျုံ့ကြွပ်ရောဂါ (Cirrhosis of Liver) (COL) ဆိုတာ အနာရွတ်တွေက အသည်း၏ ပုံမှန် Tissue များကို တဖြည်းဖြည်း အစားထိုးနေရာယူကာ အသည်းကိုဖျက်စီး၊ ပျက်စီးစေတဲ့ရောဂါ ဖြစ်ပါတယ်။ ဒီအခါမှာ အသည်းဟာ ပုံမှန်လုပ်ဆောင်တာတွေကို မလုပ်နိုင်တော့ဘဲ ဒီအနာရွတ်တွေ က အသည်းအတွင်း သွေးလည်ပတ်မှုကို ပိတ်ဆို့စေကာ အသည်း၏ အာဟာရ ပိုင်းဆိုင်ရာ၊ ဟော်မုန်း ပိုင်းဆိုင်ရာ၊ ဆေးဝါးများဆိုင်ရာနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားတဲ့ လုပ်ငန်းတွေကို တဖြည်းဖြည်း နှေးကွေး ရပ်ဆိုင်းစေကာ ဒုက္ခပေးတဲ့ ကြောက်စရာရောဂါ အမျိုးအစားဖြစ်ပါတယ်။
ဒီရောဂါဖြစ်တဲ့အခါမှာ အသည်းကနေ ခနွာကိုယ်အတွက် ပရိုတိန်းနဲ့ အခြားပစ္စည်းများ ကိုလည်း ထုတ်လုပ်မှု နှေးကွေးသွားစေကာ နောက်ဆုံး အသည်းအလုပ် မလုပ်နိုင်တော့တဲ့ Liver Failure အခြေအနေရောက်ကာ အသက်ကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ ဒီလိုအသည်းကျုံ့ကြွပ်တဲ့ ရောဂါဟာ အသည်းမှာ အဆီဖုံးခြင်း Fatty Liver စဖြစ်သလို အသည်းရောင်ရမ်းတဲ့ ရောဂါတွေ ကလည်း စတင်ဖြစ်ကြ ပါတယ်။ အထူးသဖြင့်တော့ အသည်းရောင်အသားဝါရောဂါ ဘီဗို်င်းရပ်စ်ပိုး၊ စီဗိုင်းရပ်စ်ပိုးနဲ့ အရက်ကြောင့် အသည်းရောင်တဲ့ Alcoholic Hepatitis ရောဂါတွေက စတင် စတင်လေ့ရှိကြပါတယ်။ အရက်က အသည်းကို တိုက်ရိုက်ဒုက္ခပေးသလို အရက်သောက်ပြီး အစားမစားနိုင်လို့ အာဟာရချို့တဲ့မှုကလည်း ပိုမိုဆိုးဝါးစေပါတယ်။ အစာတွေမှာပါတဲ့ မှိုကထုတ်တဲ့ Toxin တွေနဲ့ တစ်ချို့ တီဘီရောဂါကုဆေးတွေ။ ကင်ဆာရောဂါကုသဆေးတွေကလည်း အသည်းရောင်ရမ်းမှု ဖြစ်စေတတ်ပါတယ်။
အသည်းရောဂါကို ဘယ်လိုတားဆီးကာကွယ်ပြီး ဘယ်လိုကုသပေးနိုင်တယ်ဆိုတာလည်း ထိုက်သင့်သလောက် သိရှိလိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တချို့ရောဂါတွေကမွေးရာပါ ချို့ယွင်းပျက်စီးလို့ဖြစ်ပြီး တချို့ကတော့ မျိုးရိုးဗီဇ ဓာတ်ခံပါလာတာမို့ ကုသိုလ်ကံတရားလို့ ဆိုရမှာဖြစ်ပေမယ့် တချို့ကိုတော့ ထိုက်သင့်သလောက် တားဆီးကာကွယ်တားဆီးဖို့ အဓိကအရေးပါတာက အရက်သေစာကို လုံးဝရှောင်ကြဉ်ဖို့လိုသလို အစားအသောက်ကနေ ကူးစက်ပြန့်ပွားတဲ့ အသည်းရောင်အသားဝါ A ပိုး၊ E ပိုးတွေအတွက်တော့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ယင်းနားစာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်လှပါ တယ်။ သွေးနဲ့ခနွာကိုအရည်တွေတစ်ဆင့် ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးတွေကြောင့် ဖြစ်တဲ့ရောဂါတွေကို ပြုပြင်ဆင်ခြင်မှုဖြင့် တားဆီးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးမြသိန်းဟန်
အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး (ခွဲစိတ်အထူးကုဆရာဝန်)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
