ပေါင်ခြံ အူကျွံခြင်း
01-Mar-2017
ယောကျ်ားများ၌ ပေါင်ခြံ အူကျွံခြင်းမှာ အဖြစ်များ၏။ သနွေသားဘဝက ဝမ်းခေါင်း (Abdominal Cavity) နှင့် ကပ်ပယ်အိတ်အတွင်းခန်း (Cavity Of Scrotum) တို့မှာပေါင်ခြံမြောင်း (Inguinal Canal) ကိုဖြတ်၍ ဆက်နေ၏။ မမွေးမီ၌ ဤမြောင်းမှ ဖြတ်ကာ ဝှေးစေ့သည် ခါးရိုးကျောက်ကပ်နေရာမှ ဝှေးစေ့ထဲသို့ ဆင်းလာ၏။ မွေးပြီးသောအခါ ဤလမ်းကြောင်းသည် ကြွက်သားများ စီစဉ်မှုကြောင့် ပိတ်သလို ဖြစ်သွား၏။ သို့သော်လည်း လုံးဝမပိတ်၊ ဝမ်းတွင်းဖိအားတက်လျှင် ဥပမာ အသည်းကြီးလာလျှင် အလေးအပင်မလျှင် ဝမ်းတွင်းမှအူခွေသည် ပေါင်ခြံမြောင်းအတွင်းမှ ဝှေးစေ့ထဲ ဝင်နိုင်၏။
ဤသည်ကို ပေါင်ခြံစောင်းမြောင်းအလိုက် အူကျွံနာ (Indirect Inguinal Hernia) ဟုခေါ်၏။ အသက်ကြီးလာသူများ၊ ကြွက်သားမသန်သူများတွင် အူသည် မြောင်းတစ်လျှောက်မလာဘဲ မြောင်းအလယ်နားအနီးရှိ ကြွက်သားနံရံကို ထိုးဖောက်ကာကျွံ၏။ ဤသည်ကို တိုက်ရိုက်ပေါင်ခြံ အူကျွံနာ (Direct Inguinal Hernia) ဟုခေါ်၏။ နှစ်ခုစလုံးပင် အူကျခြင်းဖြစ်၍ အူပိတ်ခြင်း၊ အူသေခြင်း၊ သွေးကြောပိတ်ခြင်းများဖြစ်ကာ ဒုက္ခပေး၏။ခွဲစိတ်ကုသမှုမှ လုံးလုံးပျောက်၏။
အူကျွံခြင်း (၀ါ) အူကျခြင်း (Hernia) ၏ လက္ခဏာများ
(၁) အူကျသည့်နေရာမှာ အလေးအပင်မလျှင် နာကျင်၏
(၂) ချောင်းဆိုးလိုက်လျှင် အူကျသောနေရာမှ ဖောင်းလာ၏
(၃) အန်၏
(၄) ဝမ်းချုပ်၏
(၅) အူကျသည့်နေရာမှ နာ၏
(၆) အူကျသည့်နေရာမှ ဖောင်းလာ၏
(၇) အူကျသည့်ဘက်မှာ ကပ်ပယ်အိတ်ကြီးလာ၏
(၈) ဝှေးစေ့လိမ်သဖြင့် (Torsion of Testis) မခံမရပ်နိုင်အောင် နာ၏
(၉) မကုသဘဲထားက အူပိတ်ကာ သတိမေ့မျောနိုင်၏
(၁၀) အူသေနိုင်၏ (Gangrene)
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထာူပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
