ခြေထောက်တွင် ခံစားရသော Restless Legs Syndrome အတွက် ဖြေရှင်းနည်းများ
27-Feb-2017
ခြေထောက်တွင် ခံစားရသော Restless Legs Syndrome အတွက် ဖြေရှင်းနည်းများ
ခြေထောက်ပိုင်းမှာ မသက်မသာဖြစ်တာ ဂဏာမငြိမ်ဖြစ်တာ၊ ယားယံတာတွေကို ခံစားရပြီး လမ်းလျှောက်တာ၊ ခြေထောက်လှုပ်ပေးတာတွေ ပြုလုပ်မှ သက်သာသောရောဂါစုပါ။ Restless Legs Syndrome (RLS) လို့ခေါ်ပါတယ်။ ညဘက်အိပ်နေချိန်ဖြစ်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မရလို့ အိပ်ရေးမဝ ဖြစ်တတ်ပါတယ်။ ဗီတာမင်နဲ့ တချို့သတ္တုဓာတ်တွေချို့တဲ့တာ၊ တချို့
ဆေးဝါးတွေ သောက်သုံးနေရတာတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
• ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများစားပါ။
• မဂ္ဂနီဆီယမ် ဖြည့်စွက်သောက်သုံးပါ။
• နောက်ကျမှအိပ်ရာဝင်ပါ။
• ပုံမှန်အိပ်စက်ချိန်ရရှိအောင် အိပ်စက်ပါ။
• ကြက်သီးနွေးရေချိုးပါ။
• မအိပ်ခင် အကြောဆန့်လေ့ကျင့်ပါ။
• ကော်ဖီ မသောက်ပါနှင့်။
• ရေခဲအိတ် သို့မဟုတ် ရေနွေးအိတ်ကပ်ပါ။
• သင့်တင့်သောလေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။
• ဦးနှောက်ကို အလေ့အကျင့်ပြုလုပ်ပါ။
• အိပ်ရာမဝင်မီ တီဗီမကြည့်ပါနှင့်။
• အိပ်ရာဝင်ချိန်နီးလျှင် အစာမစားပါနှင့်။
• သံဓာတ် ဖြည့်စွက်သောက်သုံးပါ။
• ခြေထောက်ကို လှုပ်ရှားပေးပါ။
• ခြေထောက်ကို ညင်သာစွာနှိပ်နယ်ပေးပါ။
• အသက်ကိုဖြည်းဖြည်းရှူပါ။
• အရက် ဆေးလိပ်ရှောင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.260, March 2015, Pg.113
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
