ကလေးများနဲ့ ဆယ်ကျော်သက်များ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ
14-Dec-2019
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ
တွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူချို့ယွင်းမှုကို ဆိုလိုပါတယ်။ ကလေးတွေမှာ
သာမန်ဆိုးသွမ်းတာမျိုးမဟုတ်ဘဲနဲ့ အမြဲတစေ စည်းကမ်းမလိုက်နာတာ၊ လူအများမလိုက်နာနိုင်တဲ့
အပြုအမူကြောင့် အမြဲပြဿနာတက်နေပြီဆိုရင် Conduct Disorder ကြောင့်
ဖြစ်နိုင်ပါတယ်။
အဓိကအားဖြင့်
တွေ့ရတဲ့ အကျင့်စာရိတ္တတွေကတော့
Aggressive
behavior
ရန်ဖြစ်တာ၊ အနိုင်ကျင့်တာ၊
တိရစ္ဆာန်လေးတွေအပေါ် ရက်စက်တာ၊ လက်နက်ကိုင်ဆောင်တာ၊ အသက်နဲ့မလိုက် Sexual
Activity တွေပြုမူတာ။
Destructive
behavior
တခြားလူရဲ့ ပိုင်ဆိုင်မှုကို
တမင်သက်သက် ဖျက်လိုဖျက်ဆီးလုပ်တာ၊ အနုပညာအလှအပကို ဖျက်ဆီးတတ်တာ။
Deceitful
behavior
ထပ်ခါထပ်ခါလိမ်တာ၊ အလစ်သုတ်တာ၊
တခြားလူရဲ့ အိမ် ဒါမှမဟုတ် ကားထဲခိုးဝင်ပြီး ပစ္စည်းခိုးတာ။
လူ့ပတ်ဝန်းကျင်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတာ၊ အသက်အရွယ်နဲ့မလိုက်
စည်းကမ်းတွေချိုးဖောက်တာ၊ ကျောင်းပြေးတာ၊ သူတစ်ပါးလက်ခံနိုင်တဲ့ အတိုင်းအတာကျော်လွန်ပြီး
ပျက်ရယ်လှောင်တာ၊ အစသန်တာတွေ ပြုမူနိုင်ပါတယ်။
Conduct Disorder ရှိတဲ့ ကလေးတွေဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတတ်ကြပါဘူး၊ ဒီတစ်ခါ စိတ်တိုဒေါသထွက်လွယ်ပြီး မူးယစ်ဆေးဝါး
သုံးစွဲလာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့အပြုအမူက အခြားလူပေါ် ထိခိုက်စေတဲ့အပေါ်
ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ မခံစားတတ်ကြပါဘူး။ ကိုယ့်အပြစ်ကိုယ်သိပြီး နောင်တရတာမျိုးလည်း
မရှိတတ်ကြပါဘူး။
Conduct Disorder ရှိတဲ့ ကလေးတွေမှာ
ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ Attention Deficit/
Hyperactivity Disorder (ADHD) လို့ ခေါ်တဲ့ အာရုံစိုက်မှုအလွန်လိုချင်တာ၊
စိတ်ဖိစီးတာ၊ စိတ်လှုပ်ရှားလွန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေပါတွဲပြီး
ရှိနေနိုင်ပါတယ်။
Conduct Disorder မဖြစ်အောင်ကာကွယ်နိုင်လားဆိုရင်
ကာကွယ်နိုင်ပါတယ်။ ကလေးဘဝမှာ ကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုတာ၊ သွန်သင်ပဲ့ပြင်တာ၊
လိုအပ်တဲ့ အထောက်အပံ့ဖြည့်ဆည်းပေးတာ၊ စည်းကမ်းကို စနစ်တကျလိုက်နာစေတာ စတာတွေကို ကလေးနဲ့
အနီးကပ်ဆုံး Microsystem ထဲမှာရှိတဲ့ မိဘ၊ မိသားစု၊ ဆရာ၊ ဆရာမ၊
Caregiver တွေက လမ်းညွှန်ပေးဖို့ တာဝန်အရှိဆုံးဖြစ်ပါတယ်။
Credit : ထူးဒါလီကိုကို
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
