Print

စိတ်ကျမှုအမျိုးအစားများ

  09-Jun-2018
Preview Image

လူအတော်များများကမူ သူတို့ဘဝကို လွန်စွာစိတ်ဖိစီးမှုများသည့်ဘဝဟု ထင်မြင်ယူဆကြသည်။ ယင်းသို့ ယူဆသည့်အလျောက် မကြာခဏဆိုသလို သူတို့တွင်ဝေဒနာ စွဲကပ်နေပါပြီဟု ပြောတတ်ကြသည်။ စိတ်ဖိစီးမှုက ကျွန်တော်တို့အား မကျန်းမမာဖြစ်စေသည်ဟူသော အယအဆမှာ ရိုးစင်းလွန်းပါတယ်။ စင်စစ်အားဖြင့်မူ ကျွန်ပ်တို့ကို မကျန်းမမာဖြစ်အောင် လုပ်သည့်အရာမှာ အဆက်အသွယ်ကင်းမဲ့မှု (Disconnection) သာ ဖြစ်ပါသည်။ 


စိတ်ကျမှုအမျိုးမျိုး

 စိတ်ကျမှုအမျိုးအစားတို့ကို ပညာရှင်များက ဖော်ပြပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ခဲ့ပါသည်။


အဓိကစိတ်ကျမှု (Major Depression)

 ရောဂါလက္ခဏာများအဖြစ် ရက်သတ္တနှစ်ပတ်ကျော်ကြာမျှ စိတ်ဓာတ်ကျဆင်းနေခြင်း၊ မိမိအပြုအမူတို့မှာ ပျော်ရွှင်မှု မခံစားရခြင်း၊ ပေါင်းသင်းဆက်ဆံရေးတွင်လည်းကောင်း စွမ်းဆောင်ရည် ချို့တဲ့လာခြင်း စသည်တို့ ပါဝင်ပေသည်။


စိတ်ညိုးနွမ်းရောဂါ

 နာတာရှည် စိတ်ညိုးနွမ်းခြင်း ဖြစ်ရပ်များတွင် နှစ်ကာလ ရှည်ကြာစွာ စိတ်ညိုးငယ်နေတတ်ကြောင်း တွေ့ရသည်။


စိုးရိမ်မှုနှင့် စိတ်ကျမှုတို့ ရောထွေးနေခြင်း

 ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်ဖြစ်ပေါ်သည့် စိတ်ကျမှု။


စိတ်နွမ်းနယ်ခြင်း (Melawcholla)

 ကာလရှည်ကြာ အိပ်ရေးပျက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ စိတ်တည်ငြိမ်မှုမရခြင်း စသည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတို့နှင့် ဆက်စပ်မှု ရှိသည့် ပြင်းထန်သော စိတ်ကျခြင်း။


အစွန်းနှစ်ဖက်စိတ်ကျရောဂါ (Bipolar Disorder)

 ယခင်က စိတ်ရွ-စိတ်ကျရောဂါ (Manic-Depression) ဟု ခေါ်သည်။ ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုနှင့် ဆက်စပ်မှုရှိသော တက်လိုက်ကျလိုက်ဖြစ်တတ်သည့် စိတ်အခြေအနေ။


ဆိုက်ကိုးတစ် စိတ်ကျမှု (Psychotic Depresion)

 အာရုံချောက်ချားခြင်း (Hallucination)၊ ယုံမှားလွန်ခြင်း (Delusion) တို့နှင့် ဆက်စပ်မှုရှိသော ပြင်းထန်သည့် စိတ်ကျရောဂါ။


မီးမဖွားမီနှင့် မီးဖွားပြီးနောက် စိတ်ကျခြင်း (pre and Post-Natal Depression)

 ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းတို့နှင့် ဆက်စပ်သည့် စိတ်ကျရောဂါ။ အမျိုးသမီးများ၏ ၈၀ ရာခိုင်နှုန်းသည် မီးဖွားပြီးနောက် ခံစားရသည့် ပူဆွေးစိတ်ညိုးငယ်မှု။ ယေဘုယအားဖြင့်မူ ယင်းလက္ခဏာတို့သည် ရက်အနည်းငယ်အတွင်း လျော့ပါးပျောက်ကွယ်သွားတတ်သည်။ သို့သော် ရာခိုင်နှုန်း အနည်းငယ်မျှတွင်သာ ယင်းပူဆွေးမှုသည် အချိန်တော်တော်ကြာကြာ ဖြစ်ပေါ်နေတတ်သဖြင့် ကျွမ်းကျင်သည့် ပညာရှင်များနှင့် တိုင်ပင်ကုစားရန် လိုအပ်ကြောင်း တွေ့ရသည်။


 စိတ်ကျမှုကို မကြာခဏ ခံစားရသော အမျိုးသမီးများနှင့် စိတ်ကျကိုယ်ရည်ကိုယ်သွေးရှိသူ အမျိုးသမီးများအဖို့ မီးဖွားခြင်းနှင့် ဆက်စပ်သည့် စိတ်ကျရောဂါရရှိရန် အခွင့်အလမ်းပိုတတ်ပါသည်။ အရေးကြီးဆုံးအချက်မှာ လူသားတစ်ဦး၏ ပုံမှန်ဖွံ့ဖြိုးရေးတွင် အခြားလူသားများနှင့် ဆက်ဆံရေး တုံ့လှယ်ပြုမှုခြင်း (Social Interaction) သည် လွန်စွာအရေးပါသည် ဟူသော အချက်ပင်ဖြစ်ပါသည်။ 


Credit: ဒေါက်တာကျော်စိုး



Related Articles


Advertisment 18