Print

အိပ်နေစဉ်လမ်းလျှောက်ခြင်း (Sleep walking)

  20-Apr-2018
Preview Image

အိပ်နေစဉ်လမ်းလျှောက်ခြင်း (Sleep walking) ဆိုတဲ့ ရောဂါဟာ ကလေးတွေမှာပိုပြီး အဖြစ်များပါတယ်။ 


မျိုးရိုးနဲ့လည်း သက်ဆိုင်တဲ့အတွက် မိသားစုထဲမှာ ဒီလိုရောဂါ ရာဇဝင်မျိးရှိတယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ 


အိပ်နေစဉ်လမ်းလျှောက်ခြင်းကို ဖြစ်စေတဲ့ တခြားသောအကြောင်းအရာတွေကတော့ -


အလွန်အမင်းအိပ်ရေးပျက်ခြင်း


စိတ်ဖိစီးမှုများခြင်း


ဖျားနေခြင်း


အိပ်နေစဉ် အသက်ရှူနှုန်းပုံမှန်မဟုတ်ခြင်း


အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း


စိတ်ရောဂါနှင့် သက်ဆိုင်သော ဆေးဝါးများ သောက်နေရခြင်းတို့ဖြစ်ပါတယ်။ 


ရောဂါလက္ခဏာတွေကဘာတွေလဲ


အိပ်နေရာမှထပြီး တစ်အိမ်လုံးလျှောက်သွားခြင်း


အိပ်ရာပေါ်တွင် မျက်လုံးဖွင့်လျက်နှင့်ထိုင်နေခြင်း


မျက်လုံးအမူအရာက တစ်စုံတစ်ခုကို ငေးကြည့်နေသလိုဖြစ်နေခြင်း


ဖြစ်နေစဉ်ကာလတွင် နှိုးဖို့ခက်ခဲခြင်း


နိုးလျှင်လည်း အာရုံမစုစည်းနိုင်ဘဲ ရှုပ်ထွေးနေခြင်း


အဖြစ်အပျက်များကို မနက်အိပ်ရာထချိန်တွင် ပြန်မမှတ်တော့ခြင်း


ညဖက်အိပ်မက်ဆိုးများမက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ 


ဒါအပြင် 


အိပ်နေရင်းလမ်းလျှောက်တဲ့သူဟာ စကားပြောနေခြင်း၊ အစာစားခြင်း၊ အဝတ်လဲခြင်းကဲ့သို့သော နေ့စဉ်အလုပ်တွေ လုပ်နေတတ်ခြင်း


အိမ်အပြင်ထွက်သွားခြင်း


ကားမောင်းသွားခြင်း


လှောကားဆင်းခြင်း၊ ပြတင်းပေါက်မှခုန်ချခြင်း 


စတဲ့ သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အပြုအမူတွေလည်း လုပ်နိုင်တဲ့အတွက် အိမ်သားတွေက သတိထားကြည့်ရှုဖို့လိုပါတယ်။ 


ဘယ်လိုကုသလို့ရသလဲ

Sleep walking ရောဂါဟာ ဆရာဝန်နဲ့ သေချာပြသပြီး စနစ်တကျ ကုသဖို့လိုအပ်ပါတယ်။ 


ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးများနဲ့လည်း ကုသရသလို လူနာရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်းကလည်း များစွာ အထောက်အကူပေးပါတယ်။ ဥပမာ -


လူနာရဲ့ပတ်ဝန်းကျင်မှာ သူ့ကိုထိခိုက်မှုဖြစ်စေမဲ့ ပစ္စည်းတွေမရှိရအောင် ရှင်းလင်းထားခြင်း


အိပ်နေရင်းလမ်းလျှောက်နေသူကို သူ့အိပ်ရာဆီရောက်အောင် အသာအယာ ပြန်ခေါ်ဆောင်သွားခြင်း


အိပ်ရေးဝအောင်အိပ်စက်ခိုင်းခြင်း


သူ့ရဲ့အိပ်ခန်းကို သက်သောင့်သက်သာနဲ့ တိတ်ဆိတ်အောင်ထားခြင်း


အိပ်ရာမဝင်ခင် စာအုပ်ဖတ်စေခြင်း၊ ရေနွေးနွေးနှင့်ရေချိုးခြင်း စတဲ့အချက်တွေဟာ လူနာအတွက်များစွာ အထောက်အကူပေးပါတယ်။ 

Credit: Dr. Hsu



Related Articles


Advertisment 18