စာချီး
28-Feb-2017
စာချီး
လူတစ်ယောက်အပြုအမူ အပြောအဆိုမှ အများနှင့် မတူလျှင် လူတွေက “ဒီလူကတော့ ပုံမှန်မဟုတ်တော့ဘူး” “ဒီလူတော့ ရူးသွားပြီ” ဟုပြောတတ်ကြသည်။ အများတကာနှင့်မတူ အရာရာကို ထူးခြားစွာ မြင်တတ်ပြောတတ်၍ နေချင်သလိုနေပျော်တတ်၊ နောက်တတ်သူများ ကိုလည်း “သောက်ရူး၊ သောက်ပေါ်” ဟု ပြောတတ်ကြသည်။ ရူးသည်ဆိုလျှင် ဆေးကုမရတော့၊ သူ့ဘဝတော့ ပြီးသွားပြီဟုလည်း သဘောထားတတ်ကြသည်။
အမှန်အားဖြင့် အများနှင့်မတူတိုင်း ထိုသူသည် မရူးပါ။ အများဝတ်သည်ကို သူမဝတ်၊ အများစားသည်ကို သူမစား၊ အများပြောသလို လိုက်မပြောခြင်းသည် သူ၏ “ထူးခြားမှု” သာ ဖြစ်ပါသည်။ ဤသို့ထူးခြားခြင်းသည် ပုံမှန်လူ့သဘာဝပင် ဖြစ်ပါသည်။ ဆိုကရေးတီးစ် (Socrates)၊ နယူတန် (Newton)၊ အိုင်းစတိုင်း (Einstein) တို့သည် သူများနှင့် မတူညီကြပါဘူး။ သူတို့သည် သူများတွေသည်ကို မတွေး၊ သူများမမြင်သည်ကိုမြင်၊ သူများမလုပ်သည်ကို လုပ်ကြည့်ခြင်း၊ စမ်းကြည့်ခြင်းပါသည်။ ဤသည်မှာ ပုံမှန်လူများ၏ တစ်ရာတွင် သုညဒဿမတစ်၊ လူအယောက် အသိန်းအသန်းတွင် တစ်ယောက်သာရှိတတ်သည့် “ထူးခြားမှု” (၀ါ) ထူးချွန်မှု (genius) ဖြစ်ပါသည်။
မှန်ပါသည်။ အများနှင့်မတူတိုင်း စိတ်ရောဂါရနေသည် မဟုတ်သလို အများနှင့်တူတိုင်း
လည်း စိတ်ရောဂါမရဟု မပြောနိုင်ပါ။ ထိုသူ၏အပြောအဆို၊ အမူအရာ၊ လုပ်ပုံကိုင်ပုံသည် ပုံမမှန်၊ သူ့ကိုယ်သူဖြစ်စေ၊ သူများကိုဖြစ်စေ အန္တရာယ်ဖြစ်စေနိုင်ဆိုက ဤသည်ကို သူကိုယ်တိုင်မသိဘဲ လုပ်နေက သူ့စိတ်မှာ မမှန်ဟုပြောရမည်။ အခြားစိတ်ပြောင်းလဲမှု၊ ခန္ဓာကိုယ်ပြောင်းလဲမှုနှင့် အတွေးအခေါ်၊ အတွက်အချက်တို့ပါ သွက်သွက်ခါအောင်မှားနေပြီ ဆိုပါက သူတော့ စိတ်ရောဂါရနေပြီဟု ပြောရပါမည်။
စိတ်ရောဂါဝေဒနာများကို ထိုသို့သူ့ရောဂါဖြစ်စဉ်နှင့် သူခွဲခြားထားပါသည်။ စိတ်ပူပန်သောက ရောက်မှု (Anxiety) လိုအနုစားမှ စိတ်အစဉ် ကစဉ့်ကလျားဖြင့် စိတ်ပြိုကျပျက်စီးနေသည့် စိတ်ကစဉ့်ကလျားရောဂါ (၀ါ) စိတ်ပြိုပျက်ရောဂါ (Schizophrenia) ထိကုသ၍ ရပါသည်။ ကုသနည်း တွေကလည်း အစုံဖြစ်ပါသည်။ ဆေးဝါးမှသာမက စိတ်ပညာဖြင့် ကုသခြင်း (Psychotherapy) အပြုအမူဖြင့် ကုသခြင်း (Behaviour therapy) စိတ်အမြင်ဖြင့်ကုသခြင်း (Cognitive Behaviour therapy) တရားထိုင်ခြင်း (Meditation) စသောတခြားနည်း ကုထုံးဖြင့်ကုသခြင်း (Alternative therapy) အထိ ဖြစ်ပါသည်။ ဆေးဝါးဖြင့် ကုသခြင်း (pharmacotherapy) နှင့်တွဲ၍ လျှပ်စစ်ဖြင့် ကုသခြင်း (Electroconvulsive Therapy) လည်းရှိပါသည်။
သို့ဖြစ်၍ စိတ်ရောဂါတစ်ခုခု ဖြစ်သည်ထင်လျှင် မိမိ၏မိသားစုဝင် ဆွေမျိုးတစ်ဦးဦးမှာဖြစ်
လျှင် လုံးဝကုမရတော့ဟု အထင်မမှားသင့်ပါ။ ရှက်၍ ဖုံးထားခြင်းလည်း မပြုသင့်ပါ။ တတ်
ကျွမ်းသော ဆရာဝန်များနှင့် စောစီးစွာ တိုင်ပင်ကုသသင့်ပါသည်။ စိတ်ရောဂါသည် ခန္ဓာ
ကိုယ် ရောဂါလိုပင် ရောဂါတစ်ခုသာဖြစ်၍ မည်သူ၏အပြစ်၊ ပြုစားမှု၊ ဝဋ်ကြွေးမဟုတ်ပါ။
ကုသက တိုးတက်မှုရှိမည်မှာ ဧကန်ပင်ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
