Print

စိတ်ကျဝေဒနာ၏ အတိမ်အနက်

  25-Feb-2017
Preview Image

အောက်တွင်ဖော်ပြထားသော မေးခွန်းများကို ဖြေကြည့်ပါ။

 

(၁) အချိန်တိုင်းလိုလို စိတ်ဓာတ်ကျနေပါသလား၊ ဝမ်းနည်းနေပါသလား၊ စိတ်ဆင်းရဲ၊ စိတ်မချမ်းသာဖြစ်နေပါသလား။

 

(၂) မိမိလုပ်နေကျအလုပ်တွေ၊ ဆောင်ရွက်ဖွယ်ရာတွေကို မလုပ်ချင်မကိုင်ချင် ဖြစ်နေပါပြီလား။

 

(၃) စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ စိတ်ကူးတွေးတောမိပါသလား။

 

(၄) မိမိကိုယ်မိမိ တန်ဖိုးမရှိ၊ အသုံးမကျဟု ထင်မြင်ခံစားမိပါသလား။

 

(၅) ကိုယ်အလေးချိန် ကျဆင်းသွားပါသလား။

 

(၆) ညအချိန်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသလား။ 

 

(၇) မိမိကိုယ်မိမိ တည်ငြိမ်အောင် စောင့်ထိန်းနိုင်စွမ်းမရှိ ဖြစ်နေပါသလား။

 

(၈) စိတ်တွေ အမြဲတမ်းရှုပ်ထွေးနေပါသလား၊ စိတ်ကိုအသုံးပြုနိုင်ဖို့ ရှင်းလင်းနေခြင်းမရှိ ဖြစ်နေပါသလား။

 

(၉) အနာဂတ်အတွက် မျှော်လင့်ခကိမဲ့သလို ခံစားနေရပါသလား။

 

မေးခွန် (၁) နှင့် (၂) တို့အတွက် အဖြေမှာ “ Yes ” ဟုတ်ကဲ့ဟုဆိုပါလျှင် “ Major depression” စိတ်ကိဝေဒနာ ရှိနေသည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ မေးခွန်းနံပတ် (၄) မှ (၁၀) တို့နက် မေးခွန်းနှစ်ခုက “ဟုတ်ကဲ့” ဟု အဖြေထွက်ပါလျှင် စတ်ကျဝေဒနာအနုစား ခံစားနေရသည်ဟု ဆိုနိုင်ပါသည်။ အကယ်၍ မေးခွန်းနံပတ် (၃) ကိုသာ “Yes” ဟုတ်ကဲ့ပါဟု အဖြေရမည်ဆိုပါလျှင် ချက်ချင်း ဆေးပညာရှင်ဆရာဝန် (စိတ်ကျန်းမာရေး အထူးကုဆရာဝန်) ထံ သွားရောက်ရန်ဖြစ်ပါသည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18