အသက် (၁၈)မှ (၂၉)နှစ်အတွင်း စိတ်ကျရောဂါဖြစ်ပွားမှုများလာ
25-Feb-2017
မြန်မာနိုင်ငံတွင် လူငယ် လူရွယ်များ၌ စိတ်ကျရောဂါဖြစ် ပွားမှုသည် သက်ကြီးပိုင်းအရွယ် များထက် သုံးဆခန့်မြင့်တက်နေ ကြောင်း စိတ်ရောဂါကုဆရာဝန် ကြီး ပါမောက္ခဒေါက်တာ ဉာဏ် ဝင်းကျော်က ပြောကြားသည်။
‘‘အသက် (၁၈)နှစ်ကနေ (၂၉)နှစ်အတွင်းမှာ အသက် (၆၀)အထက်လူနဲ့စာရင် သုံးဆ လောက်ပိုများတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင်လည်း အမျိုး သမီးတွေက သုံးဆလောက်ပိုဖြစ် တယ်ဆိုတာ တွေ့ရတယ်’’ဟု ဒေါက်တာ ဉာဏ်ဝင်းကျော်က ပြောသည်။
‘‘လူငယ်တွေမှာ ပိုများနေ တာက နေထိုင်မှုပုံစံတွေနဲ့ ဆက် စပ်နေတယ်။ ရုန်းကန်လှုပ်ရှားရ တာတွေများလာတဲ့အခါ စိတ်ဖိ စီးမှုတွေပိုများလာပြီး အဲဒီစိတ် ဖိစီးမှုတွေကို ပြေပျောက်အောင် ကြိုးစားမှုမှာ လိုအပ်ချက်တွေရှိ လာတဲ့အခါ ပိုပြီးတော့ခံစားရပြီး စိတ်ကျရောဂါတွေ ဖြစ်လာတာ ပါ’’ဟု ဒေါက်တာဉာဏ်ဝင်းကျော် က ပြောသည်။
စိတ်ကျရောဂါမဖြစ်ပွားစေ ရန် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝမျှတသောအစာ အစားများစားသုံးခြင်းနှင့် ပုံမှန် လေ့ကျင့်ခန်းများပြလုပ်ခြင်းအ ပြင် တရားထိုင်ခြင်းကဲ့သို့ စိတ်ဖိ စီးမှု လျှော့ကျစေမည့် နည်းလမ်း များ ကျင့်သုံးခြင်းတို့လိုအပ် ကြောင်း စိတ်ရောဂါကုဆရာဝန် ကြီးအချို့က အကြံပြုသည်။
ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅၀ ခန့် စိတ်ရောဂါဖြစ်ပွားလျက် ရှိပြီး မြန်မာနိုင်ငံတွင်မူ လူဦးရေ တစ်ထောင်လျှင် ၅၇ ဦး စိတ် ရောဂါဖြစ်ပွားလျက်ရှိပြီး စိတ် ရောဂါနှင့်ပတ်သက်၍ စိတ်ကစဉ့် ကလျားရောဂါ၊ စိတ်ကျ/ စိတ်ကြွ ရောဂါအများဆုံးဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားသည်။
ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ၂၀၁၄ က ပြင်ပ လူနာ ၁၁,၄၂၁ ဦးနှင့် အတွင်းလူ နာ ၁,၃၀၀ ခန့်ဖြင့် စုစုပေါင်း လူနာဦးရေ ၁၃,၈၃၃ ဦး ကုသခဲ့ ကြောင်း ယင်းဆေးရုံမှတ်တမ်း များအရ သိရသည်။
Ref:7days daily
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

