Print

စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ်

  31-Oct-2016
Preview Image

 

စိတ်ညစ်နေပါသလား။ စိတ်ဖိစီးမှု များနေပါသလား။ စိတ်ဓာတ် ကျနေပါသလား။ အချိန်သိပ်ပေးစရာ မလိုဘဲ ရိုးစင်းလွယ်ကူတဲ့ အောက်ပါ နည်းတွေကို လိုက်နာလိုက်ရုံနဲ့ သင့်တစ်နေတာက ပိုမိုစိတ်ချမ်းသာစရာ ကောင်းလာမှာပါ။

 

ပွေ့ဖက်ပါ

သင်ချစ်ခင်တဲ့သူကို စက္ကန့် ၂၀ ကြာ ပွေ့ဖက်လိုက်တာကြောင့် စိတ်ခံစားမှုကို ချက်ချင်း ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်ဟော်မုန်း အထွက်တိုးလာစေလို့ပါ။ ဒါကြောင့် သင့်စိတ်ကို အေးချမ်းပြီး သက်သောင့်သက်သာ ရှိစေပါတယ်။

 

ထိုင်ရာမှ ထပြီး လှုပ်ရှားမှု လုပ်ပါ

ထိုင်ရာက ထပြီး ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့် စိတ်ကျသက်သာစေတဲ့ တခြားကုထုံးတွေထက် စိတ်ဓာတ်ကျတာကို သက်သာ လျော့ပါးစေပါတယ်။

 

ခေါင်းဖြီးပါ

ဘီးလုံး ဒါမှမဟုတ် ဝက်မှင်ဘီးနဲ့ ဆံပင်တွေကို ဖြီးလိုက်တာကြောင့် ဦးရေပြားကို နှိပ်နယ်လိုက်သလို အာနိသင် ရရှိစေပြီး စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ ဒါက သင့်ဆံပင်သား အတွက်ရော သင့်ဦးရေပြားအတွက်ပါ ကောင်းမွန်စေတဲ့ နည်းကောင်းတစ်ခုပါ။

 

Healthcare.com.mm

 

Ref:

ကြယ်စင်

By Good Health



Related Articles


Advertisment 18