စိတ်ဝေဒနာရှင်များအတွက်ထည့်သွင်းစဉ်းစားသင့်သည်များ
30-Oct-2016
(က) ပြဿသနာတင်ပြချက်က စိတ်အခြေအနေ ပြောင်းလဲခြင်း တစ်မျိုးတည်းသာဖြစ်နိုင်ချေရှိနေသော်လည်း တစ်ခြားသော လူမှုရေးနှင့် ရုပ်ပြဿနာများကြောင့်လည်းဖြစ်နိုင်သည်။ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်ရန် လိုအပ်သေးသည်။
(ခ) ဆေးစွဲမှု ဆန်းစစ်မှုသည် ကိုယ်ခန္ဓာတွင်းရောဂါဖြစ်မှု၊ ဆေးစွဲခြင်း၏ လက္ခဏာ၊ယခု သို့မဟုတ် ယခင်က ဆေးသုံးစွဲမှု ရာဇဝင်၊ ဆေးအလွဲသုံးစား သုံးစွဲမှုနှင့် ဆေးအပေါ် အားထားနေရသည့် ပြဿနာ၊ မိသားစုအတွင်း ဆေးသုံးစွဲမှုနှင့် ဆေးစွဲမှုအတွက် ကုသမှုခံ ယူခဲ့သည့် ရာဇဝင် တို့ပါဝင်ရန်လိုသည်။
(ဂ) ကိုယ်ခန္ဓာလက္ခဏာများဆန်းစစ်ရာတွင် ဆေသုံးစွဲမှု လက္ခဏာရှိမရှိကိုလည်း ထည့်သွင်းဆန်းစစ်ရမည်။
(ဃ) စိတ်ကျန်းမာရေးကို ဆန်းစစ်ရာတွင် စိတ်ဝေဒနာ ရာဇဝင်၊ စိတ်အခြေအနေ၊ရောဂါအဆင့်နှင့် ဆိုးဝါးမှု အနေအထားတို့ ပါဝင်ရန်လိုအပ်သည်။
(င) လူမှုရေး အချက်အလက်များတွင် မိသားစု၊ စီးပွားရေး၊ လူမှုအဆင့်အတန်း၊ ပညာရေး၊ အစားအသောက်၊ အနေအထိုင်၊ အိမ်ရာ (ဒုက္ခသည်များ၏ နေရာရွှေ့ပြောင်း) ၊ဖိနှိပ်ညှင်းဆဲခံရခြင်း၊ သိသာ ထင်ရှားသော ဆုးံရှုံးမှုများ စသည်တို့ပါ၀င် ဆန်းစစ်သင့်သည်။
(စ) စိတ်တွင်းယုံကြည်မှု ယူဆခံစားမှုဟု ဆိုရာတွင် အကြောင်းအရာ တစ်ခုအပေရှိသည် ရည်ရွယ်ချက်အဓိပ္ပာယ်ဖွင့်ဆိုချက် တို့ကိုဆိုလိုပါသည်။လူ့ကျင့်ဝတ် အကြောင်းများကိုလည်း ထည့်သွင်းစဥး်စားရန် လိုအပ်ပါသည်။ အထူးသဖြင့် လူတစ်ယောက်တွင် လူမှုဆက်ဆံရေး နေထိုင်မှုပုံစံတွင် ပြသနာရှိလာချိန်တွင် ဖြစ်သည်။ ဝေဒနာရှင်၌ ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသော ဖွံဖြိုးတိုးတက်မှု အပေါ်ထားသည့် တန်ဖိုး ဘာသာရေး အယူအဆကိုလည်း နားလည်ရန်လိုအပ်သည်။
Ref:
WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့
၂၃.၁၀.၂၀၁၅
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
