လိင်မှုဆိုင်ရာကူးစက်ရောဂါများနှင့် အခြားလိင်အင်္ဂါကူးစက်ခံရခြင်း
30-Oct-2016
လိင်မှုဆိုင်ရာကူးစက်ရောဂါများ (ခေါ်) Sexually Transmitted Diseases (STDs) ဆိုသည်မှာ လူတစ်ဦးထံမှ အခြားတစ်ဦးထံသို့ လိင်ဆက်ဆံစဉ်တွင်ကူး စက်သောရောဂါများဖြစ်သည်။ မည်သည့် လိင်ဆက်ဆံပုံမျိုးမဆို ဖြစ်နိုင်သည်။တစ်ခါတစ်ရံ ဖြစ်ပွားနေသောယောကျ်ားလိင်အင်္ဂါ (သို့) မိန်းမလိင်အင်္ဂါကို တစ်ခြားတစ်ယောက်.လိင်အင်္ဂါနှင့် ပွတ်မိရုံဖြင့်ရောဂါကူးစက်နိုင်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှ မိမိ၏ရင်သွေးငယ်သို့ ကလေးမမွေးဖွားမီ (သို့) မွေးဖွားနေချိန်တွင် (STDs) ကူးစက်စေနိုင်သည်၊ (STDs) အားစောစီးစွာ ပျောက်ဆုံးသည်အထိ မကုသပါက
အောက်ပါ အခြေအနေများဖြစ်ပေါ်စေနိုင်သည်၊
• ယောကျ်ားရောမိန်းမပါမြုံခြင်း၊
• သားလျောသားပျက်ခြင်း၊ ကလေးအသေမွေးခြင်း။
• ရင်သွေးငယ်အား စောလွန်းစွာ မွေးဖွားခြင်း။ သေးငယ်လွန်းခြင်း (သို့) မျက်စိကွယ်နေခြင်း။
• မွေးကင်းစကလေး၏ အဆုတ်ရောင်ခြင်း။
• သားဥပြွန်၌သန္ဓျေတည်ခြင်း၊ (သားအိမ်အပြင်ဖက်သန္ဓေတည်ခြင်း၊)
• ပြင်းထန်သောကူးစက်ရောဂါ (သို့) (STDs) ကြောင့်အသက်ဆုံးရှုံးခြင်း။
- လိင်ဆက်ဆံဖက်နှစ်ဦး စလုံးဖြစ်ပွားသော (STDs) အားစောစီးစွာပြည့်စုံစွာ ကုသခြင်းဖြင့်ပြင်း
ထန်သော ပြ၏နာများကိုကာကွယ်နိုင်သည်၊
• ဝမ်းဗိုက်အောက်ပိုင်း နာတာရှည်နာကျင်ခြင်း။
• သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်။
Rerf:
WEAVE
စွမ်းဆောင်နိုင်မှုမြင့်မားရေးအတွက် အမျိုးသမီးများအားပညာပေးရေးအဖွဲ့
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

