အသည်းရောင် ဘီပိုး ရှိမရှိနှင့် ဆေးကုသမှု လိုမလို
28-Feb-2017
စမ်းသပ်စစ်ဆေးခြင်းများ
၁။ HBs Ag - ဘီပိုးရှိမရှိ စစ်ဆေးခြင်း
၂။ HBe Ag - ဘီပိုး၏ပွားများမှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
၃။ Anti HBe - ခန္ဓာကိုယ်တွင် ဘီပိုးပွားများမှုပျောက်သောအခါ ပေါ်လာသည့် ပဋိပစ္စည်းဖြစ်သည်။ သွေးထဲတွင် ပိုးအလွန်နည်းသွားသည်ကိုပြသည်။
၄။ IgM Anti HBC - လတ်တလော ပိုးကူးစက်ခံရချိန်တွင် ပေါ်သော ပဋိပစ္စည်းဖြစ်သည်။
၅။ IgG Anti HBC - ယခင်က ဘီပိုးကူးစက်ခံရသောသူကို ပြသည်။
၆။ Anti HBs - HBs Ag ပျောက်ပြီး Anti HBs ပဋိပစ္စည်းပေါ်လာပါက ဘီပိုးရောဂါပျောက်ပြီး သို့မဟုတ် ပျောက်လုနီးပါးရှိသည်ဟု ဆိုသည်။
၇။HBV DNA PCR- ပိုးကောင်ရေစစ်ဆေးခြင်းဖြစ်သည်။အထက်ပါ စစ်ဆေးမှုများကို ဆေးကုသမှုခံယူမည့်သူများတွင် စစ်ဆေးရပါသည်။ စားဆေး၊ ထိုးဆေးနှင့် မကုမီတစ်ခါ၊ (၃)လအကြာတွင် တစ်ခါစစ်ပါသည်။ ပိုးကောင်ရေ (၁၀)ကျပါက၊ ဆေးဆက်သောက်ပြီး မကျပါက ဆေးသောက်မှန်မမှန်စစ်ရပါမည်။ မှန်ပါကဆေးမထိရောက်၍ ဆေးတစ်မျိုးပြောင်း သို့မဟုတ် ဆေးအသစ်ထပ်ပေါင်းရပါမည်။
(၆)လအကြာတွင် ပိုးစစ်၍ Undetectable ဟုပြပါက သွေးထဲတွင်ပိုးမတွေ့ရပါ။သွေးထဲတွင် ပိုးမရှိသော်လည်း ဆေးဆက်သောက်၍ (၆) လတစ်ခါ ပြန်စစ်ရန်လိုသည်။ ပိုးပြန်တွေ့ပါက ဆေးယဉ်နိုင်၍ ဆေးပြောင်းရမည် သို့မဟုတ် အသစ်ပေါင်းထည့်ရမည်။
(၈)quantative HBs Ag (qHBs Ag)- အဆိုပါစမ်းသပ်မှုသည် HBsAg ကို IU/mlဖြင့်ဖော်ပြပြီး အသည်းရောင် ဘီပိုးကို ထိုးဆေးဖြင့် ကုသသောအခါ တုံ့ပြန်မှုကိုစစ်ဆေးရန် အသုံးပြုပါသည်။
Credit:ပါမောက္ခ ဒေါက်တာသံစစ် (အသည်းရောင် ဘီပိုး၊ စီပိုးနှင့် အခြားဆောင်းပါးများ)
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
