မျက်စိနှင့် AIDS ရောဂါ
27-Feb-2017
AIDS ရောဂါရှိသူတွေမှာ CD4 Count က ၅၀ အောက် (Less than 50) အောက်ဆိုရင် မျက်စိထဲကို ရောဂါပိုးကျရောက်နိုင်တဲ့ အခွင့်အလမ်းက များပါတယ် ။ ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ရှင်းပါတယ်။ ခုခံအားကျတဲ့ သူမှန်သမျှ AIDS ရောဂါရယ်မှ မဟုတ်ဘူး။ ဘယ်လိုရောဂါကြောင့်ပဲ ဖြစ်ဖြစ်၊ အာဟာရချို့တဲ့ လို့ပဲ ဖြစ်ဖြစ်၊ နာတာရှည်အရက်စွဲတာ (Chronic Alcoholism) ကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ခုခံအား ကျသွားရင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ရောဂါတွေ ကျရောက်လွယ်တတ်ပါတယ်။ မျက်စိကာကွယ်နိုင်ပါတယ်။ မျက်စိကာကွယ်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ မျက်စိအာရုံခံလွှာမှာ Cytomegalovirus၊ Cryptococus နဲ့ တွဲဖြစ်ရာက မျက်စိအာရုံခံလွှာ တစ်ခုလုံး ထိခိုက်ပျက်စီးသွားတာကြောင့် ဖြစ်ပါတယ်။
မျက်ကြည်လွှာမှာလည်း ရောဂါပိုး ကျရောက်တတ်ပေမယ့် မျက်စိအာရုံခံလွှာ မှာ ရောဂါပိုး ကျရောက်မှုက ပိုများပါတယ်။ မျက်ရည်လွှာမှာ Cytomegalovirus ပိုးကျရောက်တဲ့ CMV Endothelitis ကို အခုနောက်ပိုင်းမှာ အတော်လေး တွေ့လာရပါတယ်။ ပြီးတော့ မျက်စိသူငယ်အိမ်မှာလည်း ပိုးကျရောက်ပြီး သူငယ်အိမ်ရောင်တာ (Uveitis) ဖြစ်နိုင်ပါတယ်။ အပေါ်ကအကြောင်းတွေ အားလုံးက မျက်စိကွယ်နိုင်ပါတယ်။ ဒါပေမဲ့ AIDS ကြောင့် မျက်စိကွယ်စေတဲ့ အများဆုံးအကြောင်းအရာက မျက်စိအာရုံခံလွှာ ထိခိုက်မှုကြောင့်ပဲ ဖြစ်ပါတယ်။
AIDS ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် CD4 Count ၅၀ အောက်ဆိုရင် ပိုးကျရောက်နိုင်တဲ့အတွက် CD4 ၅၀ အောက်မကျသွားအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လိုပါတယ်။ သမားတော်နဲ့တိုင်ပင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ခံအား ကောင်း နေအောင် နေထိုင်တည်ဆောက် ပေးရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီးနေမယ် ဆိုရင်တော့ ရောဂါပိုး မကျနိုင်တော့ပါဘူး။ CD 4 အရေအတွက်ကို တက်အောင်ကြိုးစားပြီး ကိုယ်ခံအားတက်အောင် လုပ်မယ်ဆိုရင် ရောဂါပိုးကျရောက်နိုင်ခြေက နည်းသွားပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.266, Septmber 2014, Pg. 58
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
