ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း သိကောင်းစရာ
24-Feb-2017
ဂျပန်ဦးနှောက်ရောင်ရောဂါက ခြင်ကိုက်တာကြောင့် အဲဒီကနေ ဗိုင်းရပ်စ်ပိုးကတစ်ဆင့် ဖြစ်ပွားရတာပါ။ အရှေ့တောင်အာရှမှာ အတော်လေး အဖြစ်များပါတယ်။ ဒီဗိုင်းရပ်စ်က တိရိစ္ဆာန်တချို့မှာရှိပြီး ခြင်ကတစ်ဆင့် သယ်ဆောင်ကာ လူကိုကိုက်ရင် ဒီရောဂါဖြစ်ပွားရတာပါ။ ခြင်ပေါက်တတ်တဲ့နေရာက လယ်ကွင်းတွေ၊ ဒီဗိုင်းရပ်စ်ပိုးရှိတဲ့ တိရိစ္ဆာန်တွေက ဝက်တို့၊ လည်တံရှည် ငှက်တို့၊ အဲဒီပိုးကို သယ်ဆောင်တဲ့ကောင်က ခြင်၊ အားလုံးပေါင်းလိုက်ရင် လယ်ကွင်းတို့၊ လည်တံရှည်ငှက်၊ ဝက်တွေရှိတယ်၊ ခြင်ကိုက်ခံရတယ်ဆိုရင် ဒီရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ရင်နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက အသေအပျောက်နဲ့နောက်တစ်မျိုးက မစွမ်းမသန်ဖြစ်တာပဲ။ ပြန်ကောင်းတာ အနည်းစုပါပဲ။ ဒါကြောင့်ရောဂါကာကွယ်မှုကို ၉၈-၁၀၀ ရာခိုင်နှုန်းအထိ အပြည့်အဝ ကာကွယ်နိုင်တာကြောင့် ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ လောလောဆယ်မှာတော့ကံမကောင်းစွာဘဲ ကာကွယ်ဆေးက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းကြီးတွေမှာပဲ
ထိုးလို့ ရနိုင်သေးတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို အသက်ကိုးလအရွယ်မှာ စတင်ထိုးနှံနိုင်ပြီး ကာကွယ်မှု အနည်းဆုံး ၁၀ နှစ်ကျော်ကြာ ရရှိဖို့အတွက်နောက်ထပ် ကာကွယ်ဆေးတစ်လုံးကို ပထမဆေးတစ်လုံးထိုးအပြီး တစ်နှစ်မှနှစ်နှစ်အကြာတွင် ထိုးနှံရမှာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကစပြီး လူကြီးတွေမှာတော့ တစ်လုံးသာ ထိုးနှံဖို့ လိုအပ်ပါတယ်။ ဒီရောဂါကာကွယ်ဖို့ ပထမတစ်ပိုင်းအနေနဲ့ ခြင်ကိုက်လို့ဖြစ်တာကြောင့် ခြင်မကိုက်အောင် ဂရုစိုက်ဖို့လိုပါတယ်။
ခြင်မကိုက်အောင်ဆိုတာက ပြောတော့တာလွယ်တာ တကယ်တမ်းခြင်မကိုက်အောင် လုပ်ရတာလည်း ခက်ပါတယ်။ ခြင်ကိုက်တာကြောင့်ဖြစ်တဲ့
ရောဂါတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ရောဂါထက် ပိုဆိုးတဲ့ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာလည်းရှိပါတယ်။ နောက်တစ်ပိုင်းကတော့ ကာကွယ်ဆေးထိုးတာပါ။ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါက အခုထက်ထိ ကာကွယ်ဆေးမပေါ်သေးပါဘူး။ ဂျပန်ဦးနှောက်ရောင်ရောဂါကတော့ ကာကွယ်ဆေးရှိပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်လင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.281, December 2015, Pg. 64
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
