ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ
18-Feb-2019
ရောဂါလက္ခဏာ
ရောဂါပိုးဝင်ရောက်လာလျှင်
ဦးနှောက်နှင့် အာရုံကြောမကြီးတို့ကို ကာရံထားသော အမြှေးပါးမှာ ရောင်ရမ်းလာကာ ရုတ်တရက်
အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဇက်ခိုင်ခြင်းတို့ဖြစ်သည်။ ထို့ပြင် ပျို့အန်ခြင်း၊
အလင်းရောင် မကြည့်နိုင်ခြင်းနှင့် စိတ်ကယောက်ကယက်တို့လည်းဖြစ်ပွားနိုင်သည်။ရက်အနည်းငယ်(သို့)ချက်ချင်းဆိုသလို
ဖြစ်တတ်သည်။များသောအားဖြင့် ရောဂါနှင့် ထိတွေ့ပြီး ၃-၇ ရက်တွင် ဖြစ်နိုင်သည်။
မွေးကင်းစနှင့်
ကလေးငယ်များတွင် အဓိကလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့်ဇက်ခိုင်ခြင်းတို့သည်
သိသာရန်ခဲယဉ်းသလို မရှိတာလည်းဖြစ်နိုင်သည်။ ကလေးငယ်များတွင် လှုပ်ရှားမှုများနှေးကွေးသလို
အထိမခံနိုင်ဖြစ်ပြီး အန်ခြင်းနှင့်အစားမစားခြင်းတို့ကို တွေ့ရသည်ယ အနည်းငယ်ကြီးသော
ကလေးများတွင် တုံ့ပြန်မှုကို ဆရာဝန်များက စမ်းသပ်ပေးသည်။ကူးစက်မြန် ဦးနှောက်မြှေးရောင်သည်
ပြင်းထန်ပြီး နာရီအနည်းငယ်အတွင်းတွင်ပင် သေဆုံးနိုင်ခြေရှိပါသည်။ မသေခဲ့လျှင်လည်း ဦးနှောက်မသန်စွမ်းထိခိုက်မှုများဖြစ်သည့်
နားမကြားခြင်းနှင့် မသန်စွမ်းဘဝသို့ ရောက်ရှိသည်။
Spectrum
of Disease
(1) Bacteremia Without Sepsis
သွေးတွင်း ဗက်တီးရီးယားပိုးဝင်ရောက်ပြီး သွေးဆိပ်မတက်သော အခြေအနေဖြစ်သည်။ရောဂါလက္ခဏာမပြင်းထန်သော်လည်း ဘက်တီးရီးယားပိုး ဝင်ရောက်ထားပြီးဖြစ်သည့်အတွက် ကုသမှုပေးရန်လည်းလိုပါသည်။ ပဋိဇီဝဆေး (Antibiotic) ထိထိရောက်ရောက် အချိန်မီပေးလျှင် ရောဂါပျောက်နိုင်သည်။ ထိုမှတဆင့် ဦးနှောက်အမြှေးရောင် ဖြစ်သွားနိုင်သလို ခန္ဓာကိုယ်တခြားအစိတ်အပိုင်းထိလည်း ရောက်နိုင်သည်။
(2) Meningococcemia without Meningitis
(3) Meningococcemia without Meningitis
(4) Chronic Infection ဟု ဖော်ပြသည့်အတိုင်း
ရောဂါဖြစ်စဉ် (၄)မျိုးခန့်ရှိပြီး အလယ်တွင်ရှိ(၂) နှင့် (၃) သည် အရေးကြီးဆုံးဖြစ်သည်။
Meningococcemia
အရေးမကြီးသည့် လက္ခဏာအနေဖြင့်လည်း ဖော်ပြတတ်သည်။ သာမန်အအေးမိ တုပ်ကွေးများဖြင့်လည်း အစပြုတတ်သည်။ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားညောင်းညာခြင်း၊ ကြွက်သားအာပျော့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ရှိနိုင်သည်။Maculo Popular Rash အရေပြားပေါ်တွင် အနီစက်၊အနီကွက်များ ထွက်လာခြင်း ၇.၆% ခြေလက်ကိုက်ခဲခြင်း၊ ညောင်းညာခြင်းနှင့် လမ်းမလျှောက်ခြင်း စသည့်လက္ခဏာများကို ပြတတ်သည်။
Septic
Shock (သွေးဆိပ်တက်ခြင်း)
အထူးသတိပြုရမည့်
အခြေအနေဖြစ်သည့် သွေးဆိပ်တက်ခါနီးတွင် ခြေထောက်နာကျင်ကိုက်ခဲခြင်း (Leg Pain) လက်ဖျားအေးလာခြင်းနှင့်
အရေပြားအရောင်ပြောင်းလဲခြင်း (Pallor of Matlling) တို့ဖြစ်လာလျှင် အထူးသတိပြု ဆင်ခြင်သင့်ပါသည်။
၇၂ % သော လူနာများတွင် သွေးဆိပ်တက်ကြသည်။ ယခုအခြေအနေသည် စိုးရိမ်ရသလို အသက်အန္တရာယ်နှင့်လည်း
နီးပါသည်။
Rash အနီကွက်ထွက်ခြင်း
ကလေးငယ်များတွင်
၈-၉ နာရီတွင်း အနီကွက်များထွက်လာသည်။ အသက်အရွယ်ကြီးသည့်ကလေးငယ်များတွင် နောက်ကျမှထွက်သည်။
Parochial ၅၀% ၁.၂ မီလီမီတာ အနီစက်ငယ်များ ထွက်ရာတွင် ဦးစွာ ခန္ဓာကိုယ်ပိုင်းနှင့်
အောက်ပိုင်းတို့တွင် ထွက်လေ့ရှိသည့် သွေးထွက်ခြင်းသည် ပါးစပ်၊အာခေါင်နှင့် မျက်စိတွင်း၌
ဖြစ်နိုင်သည်။ (၂)ရက်ခန့်ကြာသော် Maculopapular Rash များထွက်နိုင်သည့် ၁၅- ၂၅%သည်
တစ်ကိုယ်လုံး အနီကွက်များ ပျံ့နှံ့သွားသည်။
သွေးလန့်ခြင်း
ဦးဆုံးလက္ခဏာ
အရေပြားသည်
ဖြူပြီး အကွက်များထလာနိုင်သည်။ ခြေလက်များအေးစက်လာခြင်း၊ Prolonged Capillary
Refill ၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှုမြန်ခြင်းတို့ ရှိလာသည်။ကလေးငယ်များတွင် သွေးပေါင်ချိန်ကျခြင်းသည်
နောက်ကျတတ်သည်။
ကလေးများ
သက်ရွယ်ပိုင်းခြားအလိုက် အသက်ရှုနှုန်း၊နှလုံးခုန်နှုန်းနှင့် အပေါ်သွေးဖိအားတို့ကို သတိပြုသင့်သည်။
ဦးနှောက်အမြှေးရောင်ခြင်း
(Meningitis)
တခြားသော
ဗက်တီးရီးယား ဦးနှောက်အမြှေးရောင်ခြင်းနှင့် ခွဲခြားရန်ခက်ခဲသည့် ခေါင်းကိုက်ခြင်း၊
အလင်းရောင်မကြည့်နိုင်ခြင်း၊ ငယ်ထိပ်ဖောင်းခြင်း၊ အန်ခြင်း ၊ ဇက်ခိုင်ခြင်းတို့သည်
၁၂ - ၁၅ နာရီတွင်း ရှိလာသည့် သတိလစ်ခြင်းနှင့် တက်ခြင်းတို့သည်လည်း ရှိနိုင်သည်။
နာတာရှည်ပိုးဝင်ခြင်း
(Chronic Infection)
ရှားပါးသည့်
ခြေလက်ကိုက်ခဲခြင်း၊ အနီကွက်ထွက်ခြင်းတို့ ရှိတတ်သည်။ ၆-၈ ပတ်ထိကြာတတ်သည်။ ပျောက်ကင်းသွားနိုင်သလို
ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုုင်သည်။
မည်သည့်အချိန်တွင်
ဆေးရုံသို့ညွှန်းပို့သင့်သလဲ (Refer)
ခြေထောက်ကိုက်ခဲခြင်း၊
လက်များအေးစက်ခြင်း နှင့် အရေပြား မရောင်ပြောင်းလဲလျှင် ညွှန်ဖို့ပေးပါ။ အနီကွက်များထွက်လာခြင်း၊
သွေးလန့်ခြင်း၊ ကနဦးလက္ခဏာများတွေ့လျှင်၊ ဦးနှောက်အမြှေးရောင်သည့်လက္ခဏာတွေ့လျှင် ချက်ချင်း
ညွှန်းပို့ပေးပါ။
ကုသခြင်း
ဗက်တီးရီးယား
ဦးနှောက်အမြှေးရောင်ရောဂါကို ကုသရာတွင် (၁) အရေးပေါ် ကျန်းမာရေး အခြေအနေ၊ (၂) ရောဂါစောစီးစွာရှာဖွေခြင်း၊
(၃) ထိရောက်သော ကုသမှုပေးခြင်း၊ (၄) ဂရုစိုက်ပြုစုစောင့်ရှောက်ခြင်း၊ (၅) ပြန်လည်ထူထောင်ခြင်း၊
(၆) မိသားစုကို ကာကွယ်ခြင်းတို့ ပါဝင်ပါသည်။
အရေးပေါ်အခြေအနေဖြစ်လျှင်
ဆေးရုံသို့ လျှင်မြန်စွာပို့ပေးပါ။
ဆေးရုံသို့မပို့မီ
ဗက်တီးရီးယားဦးနှောက်အမြှေးရောင်နှင့် သွေးဆိပ်တက်ခြင်းတို့အတွက် ပြုစုပေးရန်လိုသည်။
ဆေးရုံသို့ညွှန်းပို့စဉ်နှင့် ရွှေ့ပြောင်းစဉ်တွင် ပဋိဇီဝထိုးဆေးဖြစ်သည့် inj:
Benzyl Penicillin (C-Pen) နှင့် Ceftriaxone ထိုးပေးပါ။
ဦးနှောက်ဖိအားများခြင်း
Raised
ICP တွင် လူနာသည် သတိလွတ်နေခြင်း၊သွေးခုန်နှေးခြင်း၊သွေးတိုးခြင်း၊ဦးနှောက်အာရုံကြောဆိုင်ရာ
လက္ခဏာများပေါ်လာခြင်း၊ တက်ခြင်း၊ အနေအထားမမှန်ခြင်း၊ မျက်စိသူငယ်အိမ်ကျယ်ကာ တုန့်ပြန်မှုမရှိတို့
တွေ့ရလျှင် အရေးကြီး၍ မထူးဂရုစိုက်ပါ။ဦးခေါင်းပိုင်းမြှင့်ထားပါ။ လည်ပင်းသွေးကြောမဖောက်ပါနှင့်။
ဦးနှောက်တွင်းဖိအားကျစေရန် Mannitol နှင့် 3%Saline ကိုပေးပါ။ ငြိမ်အောင် ပြုလုပ်ပြီး
အကြောဆေးသွင်းရည်များသွင်းကာ လွှဲပေးပါ။လူနာအခြေအနေသက်သာလျှင် CTရိုက်ကြည့်ပါ။ အတက်ရောဂါအတွက်
အတက်ရောဂါကုဆေးများပေးနိုင်သည်။ စတီးရွိုက်ဆေးများကို High Dose မဟုတ်ဘဲ Low Dose သုံးပါ။
ကာကွယ်ခြင်း
ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါသည်
Notify လုပ်ရမည့်ရောဂါဖြစ်၍ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် လိုသည်။ (၁)
Chemoprophylaxis (ပဋိဇီဝဆေးကျွေး၍ ကာကွယ်ခြင်း) (၂) လူနာကိုယ်မှထွက်လာသောအမှုန်မွှားများကို
ကာကွယ်ခြင်း၊(၃)ကာကွယ်ဆေးထိုးခြင်း(Vaccination)၊ (၄) ရောဂါကူးစက်နိုင်ခြေကို လျော့ချခြင်းတို့
ဖြစ်သည်။
၁။
Chemoprophylaxis
လူနာနှင့်
အနီးကပ်ထိတွေ့သူများကို ကာကွယ်နိုင်သည့် အချိန်စောနိုင်သမျှစောအောင် တိုက်ကျွေးရမည်။
အသုံးပြုသော ပဋိဇီဝဆေးများတွင် (၁) Ciprofloxacin 500 mg သောက်ဆေးကို လူကြီးများတွင်
တစ်ကြိမ်တည်းပေးပါ။ (၃) Rifampicin ယခင်ကတော့ ပေးလေ့ရှိသည်။
၂။
Droplets Precaution
(၁) လူနာအား
(၂၄) နာရီ ပဋိဇီဝဆေးကျွေးရန်လိုသည်။ (၂) လူနာပြုစုစောင့်ရှောက်သူတွင် နှာခေါင်းစည်း
တင်ပါ။ လက်ဆေးပါ။ လက်သန့်စင်ဆေးရည်ကို သုံးပါ။ ဝတ်စုံလိုအပ်လျှင် လက်အိတ်လိုအပ်လျှင်
ဝတ်ဆင်အသုံးပြုပါ။ (၃) လူနာတွင်လည်း နှာစေးချောင်းဆိုး လက်ကိုင်ပဝါအုပ်၍ ဆိုးပါ။ (၄)
အသုံးပြုထားသော တစ်သျှူးမျာကို အမှိုက်ပုံးတွင် ထည့်ပါ။ (၅) တစ်ကိုယ်ရည်သန့်ရှင်းမှုကို
ဂရုုုပြုပါ။ (၆) ပွဲလမ်းသဘင်နှင့်လူစည်ကားသောနေရာ၊ ဖုန်ထူသောနေရာများကို တတ်နိုင်သမျှရှောင်ပါ။
၃။
Vaccination (ကာကွယ်ဆေထိုးခြင်း)
ဦးနှောက်မှေးရောင်
ကာကွယ်ဆေးအမျိုးမျိုးရှိ၍ ကျွမ်းကျင်သူများနှင့် ထိုးရန်လိုသည်။
၄။ ရောဂါကူးစက်နိုင်ခြေကို
လျှော့ချခြင်း
(Avoidance
of Risk Factors)
လူစည်ကားသောနေရာ
ပွဲလမ်းသဘင်များကို ရှောင်ပါ။ ကျောင်းဆောင်နေသူများ ဂရုစိုုက်ပါ။ တစ်ကိုယ်ရေကျန်းမာခြင်းသည်
အထူးအရေးကြီးသည်။အာဟာရချို့တဲ့ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့သည်လည်း ဂရုစိုက်ရမည်။ အရက်ဆိုင်၊
KTV များကို သွားလာခြင်းရှောင်ပါ။ အဖော်များစွာထား၍ နမ်းခြင်းကိုလည်း မပြုရပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများတွင်
တုပ်ကွေးဖြစ်ဘူးလျှင် အထူးဂရုစိုက်ပါ။
ကူးစက်မြန်ပြင်းထန်
ဦးနှောက်အမြှေးရောင်ရောဂါသည် အလျင်အမြန် ရောဂါဖော်ထုတ်ရန်လိုသည်။သို့အတွက် ပြည်သူထူထုတွင်း
ကျန်းမာရေးအသိရှိရန် အရေးကြီးပါသည်။
Credit :
ဒေါင်တာမီမီကို
မိသားစုကျန်းမာရေးဆရာဝန်
( Page.104, Ziwaka Magazine, June 2016)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
