ဆောင်းရာသီမှာ ဝေဒနာ
10-Feb-2019
(၁) Cold
အအေးမိခြင်း
ဗိုင်းရပ်စ်ကနေ ဖြစ်တယ်၊ ကူးတယ်။ နှာခေါင်းကနေ
အသက်ရှူရင်း ဝင်လာမယ်။ ကူးစက်တာ သိပ်မြန်တယ်။ လက်မှာ ကပ်ပါနေတာတွေလည်းရှိလို့ လက်ကို
မကြာမကြာ ဆေးပေးပါ။ အိုးခွက်ပန်းကန်တွေလဲ ခါတိုင်းထက် သန့်ရှင်းပေးပါ။ အအေးမိတယ်ဆိုရင်
အဝတ်လက်ကိုင်ပုဝါထက် တစ်သျှူးစသုံးပါ။ အဲ့တာတွေကို စနစ်တကျ စွန့်ပစ်ပါ။
၁။ Cold
viruses - အအေးမိဗိုင်းရပ်စ်က အဆိုးကြီး မဟုတ်ပါ။ ပိုးဝင်လာရင် နှာခေါင်းနဲ့ လည်ချောင်း
နောက်နေရာကို ရောင်ရမ်းစေတယ်။
၂။
Blocked Nose - အအေးမိတယ်ဆိုတာ နှာခေါင်းမှာ စစ်ခင်းနေရတာဖြစ်တယ်။ နှာခေါင်းပိတ်မယ်၊
နှာရည်ယိုမယ်။ နှာခေါင်းကို ဖုံုးနေတဲ့ တစ်သျှူးတွေက လိင်လမ်းက တစ်သျှူးတွေလိုပဲ သန်မာတာ
ဖြစ်စေနိုင်တယ်။ သွေးကြောတွေ ရောင်လာမယ်။ သွေးဖြူဥတွေ များလာတယ်။ လေဝင်လမ်းကျဉ်းလို့
အသက်ရှူရ ခက်ခဲလာမယ်။ Decongestant Spray ကနေ သက်သာစေမယ်။
၃။ Cold
Through Your Eyes - မျက်လုံးတွေကနေလည်း အအေးမိ ကူးလာနိုင်တယ်။ အအေးမိနေသူက ချောင်းဆိုးနှာချေရင်
အမှုန်လေးတွေက အနီးအနားကို ပြန့်မယ်။ အသက်ရှူနေသူဆီ ရောက်မယ်။ သူ့လက်မှာလဲ ပိုးတွေပါနေမယ်။
လက်ဆွဲနှုတ်ဆက်တာကနေ ကိုယ့်ဆီ ရောက်မယ်။ သူကိုင်တဲ့အရာ ဥပမာ အသုံးအဆောင်တွေ၊ ပရိဘောဂတွေမှာလည်း
ပိုးတွေ ရောက်နေမယ်။ မျက်စိထဲလည်း ဝင်လာနိုင်တယ်။ မျက်စိနဲ့ နှာခေါင်းကြားမှာ ပြွန်လေးတွေရှိလို့
ကူးလာနိုင်တယ်။
၄။ Women
Get More Cold - အမျိုးသမီးတွေက ပိုပြီး အအေးမိခံရတယ်။ ကလေးတွေနဲ့ နေရတာများရင် ပိုပြီး
ကူးစက်ခံကြရတယ်။ ကလေးတွေဟာ တစ်နှစ်မှာ ၇ ကြိမ်မှ ၁၀ ကြိမ် အအေးမိပိုးဝင်ခံကြရတတ်တယ်။
ကလေးတွေကို စာသင်ရတဲ့ ဆရာဆရာမတွေလည်း အတူပဲ။ ကလေးထိန်းရသူတွေလည်း ပါတယ်။
၅။
Yellow Mucus - ချွဲခပ်ဝါဝါဆိုတာ သွေးဖြူဥပါ။ ပိုးမှန်သမျှ ဝင်လာရင် ကိုယ့်သွေးဖြူဥတွေက
ခံချတယ်။ သူသေ ကိုယ်သေပဲ။ နှာရည်ယိုတာက ပြစ်ပြစ်လာတာ သွေးဖြူဥအသေတွေ ပါပါနေလို့ပါ။
ခပ်စိမ်းစိမ်းအရောင်လည်း ဖြစ်နိုင်တယ်။
(၂) Sore
throat လည်ချောင်းနာ
ဆောင်းရာသီမှာ အဖြစ်များတယ်။ အများအားဖြင့်
ဗိုင်းရပ်စ်ပါပဲ။ အပူချိန် အပြောင်းအလဲ ရှိရင်လည်း ဗိုင်းရပ်စ်တွေ ကူးစက်နိုင်တယ်။
ဆားရည် ခပ်နွေးနွေးနဲ့ ပလုပ်ကျဉ်းပေးပါ။ ပိုးတွေကို သေစေမှာ မဟုတ်ပေမယ့် ရောင်ရမ်းဖြစ်စဉ်ကို
သက်သာစေမယ်။ ရေနွေး တစ်ဖန်ခွက်မှာ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။ Painkillers အနာသက်သာဆေး
သောက်ပါ။ ဥပမာ - ပါရာစီတမော။ သိပ်ပူလွန်းတာ မသင့်ပါ။ အေးတဲ့ အစားအသောက် စားသောက်ပါ။
Lozenges ငုံရတဲ့ ဆေးသုံးပါ။ ဆားရေနွေးနဲ့ ပါးစပ်ဆေးပါ။ ရေ၊ အရည်များများသောက်ပါ။
Steam Inhalation ကောင်းပါတယ်။ အမြဲတော့ မလိုအပ်ပါ။ Antibiotics ဘက်တီးရီးယားသေဆေး
မလိုအပ်တာ များတယ်။
(၃)
Norovirus နိုရိုဗိုင်းရပ်စ်
အစာအိမ်တုပ်ကွေးလို့ ခေါ်တယ်။ နှစ်ပေါက်ရှိနေပေမဲ့
ဆောင်းရာသီမှာ ပိုဖြစ်တယ်။ ဝမ်းပျက်မယ်။ အန်မယ်။ ရေ၊ ဓာတ်ဆားရေ သောက်ပါ။
(၄)
Painful Joints အဆစ်နာခြင်း
အနာသက်သာဆေး သောက်ပါ။ နွေးနွေးထွေးထွေးနေပါ။
ကိုယ်လက် လှုပ်ရှားမှု မှန်မှန်လုပ်ပေးပါ။
(၅) Cold
hands ခြေလက်အေးခြင်း
Raynaud’s Phenomenon ခေါ်တယ်။ လက်ချောင်းတွေ
အေးပြီး ပြာနေမယ်။ ထုံကျင်နေမယ်။ ဆေးလိပ်မသောက်သင့်ပါ။ ကဖင်း (ကော်ဖီ) မသင့်ပါ။ လက်အိတ်၊
ခြေအိတ်သုံးပါ။
(၆) Dry
skin အသားအရေခြောက်ခြင်း
Moisturising ရေငွေ့ပါတဲ့ လိမ်းဆေး အမျိုးမျိုးသုံးပါ။
အမျိုးအစားကောင်းတာ ရှာပါ။ ရေချိုးပြီးချိန်မှာ သုံးတာကောင်းတယ်။
(၇) Flu တုပ်ကွေး
ကျန်းမာရေး မကောင်းသူတွေနဲ့ အသက် ၆၅ ကျော်သူတွေအတွက်
အသက်ထိ ရန်ရှာနိုင်တယ်။ ကလေး ၂ နှစ်ကနေ ၁၈ နှစ်ကို Flu Nasal Spray တုပ်ကွေး ကာကွယ်ဆေး
ရှူဆေးပေးပါတယ်။ တစ်နှစ်တစ်ခါ ထိုးရှူရတယ်။
လက်ကို မကြာမကြာဆေးပါ။ လူကြားသူကြား သိပ်မသွားနဲ့ အစာအာဟာရ မျှတလုံလောက်ပါစေ။ အိပ်ရေးမပျက်စေနဲ့။ ကိုယ်လက်လှုပ်ရှားပေးပါ။အအေးမမိ ဘေးမရှိ၊ မိသည့်ပိုးမွှား မြန်ရှောင်သွား၊ ရငြားပါစေ မေတ္တာဝေ …..
ဒေါက်တာ တင့်ဆွေ
Credit :
Facebook
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
