Print

စူပါရောဂါပိုးမွှားများ

  15-Mar-2020
Preview Image

          စူပါရောဂါပိုးမွှားများမှာ ယနေ့ခေတ်သစ် ပဋိဇီဝဆေးဝါးများနှင့် ယဉ်ပါးနေသောဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် အခြားအဏုဇီဝရောဂါပိုးစသော အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ရောဂါပိုးမွှားများဖြစ်သည်။ ယနေ့မျက်မှောက်ကာလတွင် အဆိုပါစူပါရောဂါပိုးမွှားများမှာ ကမ္ဘာတစ်ဝန်းအန္တရာယ်ကြီးမားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာတစ်ဝန်းမှ ပြည်သူများအား သတိပေးထားသည်။


Enterobacteriaceae

          Enterobacteriaceae ရောဂါပိုးကို အခြားအမည်တစ်မျိုးဖြစ်သော အီကိုလိုင်း(E.Cp:o) ရောဂါပိုးအဖြစ် သိရှိကြပြီးဖြစ်မည်။ အဆိုပါရောဂါပိုးမွှားများသည် ဘက်တီးရီးယား ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဆေးရုံပတ်ဝန်းကျင်၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဌာန၊ ဆေးခန်းစသောကျန်းမာရေးနှင့် ဆက်နွယ်နေသော နေရာဌာနများတွင် များသောအားဖြင့် တွေ့ရှိရသည်။ နေ့စဉ်အသုံးပြုသည့် သာမန်ပစ္စည်းများဖြစ်သော ဈေးဝယ်လက်တွန်းလှည်းလက်ကိုင်တွင်လည်း တွေ့ရှိနိုင်သည်။

          ယခုအခါအီကိုလိုင်းဘက်တီးရီးယားရောဂါပိုးမှာ ပဋိဇီဝဆေးဝါးဒဏ်ကို ခံနိုင်ရည်ရှိလာပြီး ဆေးယဉ်ပါးဘက်တီးရီးယားရောဂါပိုး အမျိုးအစားသစ်ဖြစ်လာသောကြောင့် ကိုယ်ခံအားနည်းသော သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်စေလျက်ရှိသည်။ ထိုရောဂါပိုးအမျိုးအစားအချို့မှာ ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ရာခိုင်နှုန်းကို အသက်သေဆုံးစေသည်အထိ ဘေးအန္တရာယ်ရှိသည်။ ရောဂါပြီးစနစ်ကိုယ်ခံအားကောင်းသူများအနေဖြင့် ထိုဘက်တီးရီးယားရောဂါပိုးအတွက် စိုးရိမ်စရာမလိုသော်လည်း အနီးဝန်းကျင်၌ အီကိုလိုင်းရောဂါပိုးပါရှိသော အစားအစာများကို ရှောင်ကြဉ်သင့်သည်။

          မွေးမြူရေးတိရစ္ဆာန်များတွင် ဆမိုနဲလားဘက်တီးရီးယားရောဂါပိုး (Salmoneellade bacterium) ကူးစက်ဖြစ်ပွားနေလေ့ရှိပြီး ၎င်းရောဂါပိုးသည် အစာကွင်းဆက်မှတစ်ဆင့် လူတို့စားသောအစားအစာများတွင် ပါဝင်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ ဆမိုနဲလားဘက်တီးရီးယားရောဂါပိုးသည် တိရစ္ဆာန်များမှ ရရှိသည့် ညစ်ညမ်းသော အစားအစာများဖြစ်သည့် ကြက်ဥ၊ အမဲသား၊ နွားနို့၊ ဝက်သားနှင့် ကြက်သား၊ ဘဲသားတို့ကို စားသုံးရာမှ ရောဂါကူးစက်မှု ဖြစ်သည်ဟုဆိုသည်။

          သို့ဖြစ်ရာအဆိုပါဆမိုနဲလားဘက်တီးရီးယားရောဂါပိုးသေကြေပျက်စီးသွားစေရန် အစားအစာများကို ကျက်အောင် ချက်ပြုတ်စားသောက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားသည်။ ထို့ပြင်မကျိုရသေးသော နွားနို့နှင့် နို့ထွက်ပစ္စည်းများနှင့် ရေခဲတို့ကိုလည်းရှောင်ကြဉ်ရန် သတိပေးထားသည်။


Helicobacter Pylori

          Helicobacter Pylori ဘက်တီးရီးယားရောဂါပိုးမွှားသည် လူတို့၏ အစားခြေလမ်းကြောင်း (Digestive Tract) အတွင်း၌ နှစ်ပေါင်းများစွာခိုအောင်းနေထိုင်နိုင်သည့် ဘေးအန္တရာယ်များသော ရောဂါပိုးမွှားများဖြစ်သည်။ ဤသို့ ခန္ဓာကိုယ်အတွင်း၌ အဆိုပါဘက်တီးရီးယားရောဂါပိုးမွှားများကို ခန္ဓာကိုယ်အတွင်းနှစ်အနည်ငယ်ခိုအောင်းနေထိုင်လျက်ရှိပါက ခန္ဓာကိုယ်တွင် ကင်ဆာရောဂါဖြစ်ပွားစေသော ပြည်တည်အနာခွက်များဖြစ်ပွားလာနိုင်သည်။


Haemophilus Influenzae

          Haemophilus Influenzae ရောဂါပိုးသည် အသက်အရွယ်မရွေးကူးစက်ဖြစ်ပွားနိုင်သော ရောဂါဖြစ်ပြီး ထိုရောဂါပိုးကူးစက်ဝင်ရောက်ခဲ့ပါက ရောဂါဝေဒနာမပြင်းထန်သော နားအတွင်းရောဂါပိုးကူးစက်ဝင်ရောက်သောရောဂါ သို့မဟုတ် ရောဂါဝေဒနာပိုမိုပြင်းထန်သော အဆုတ်ရောင်ရောဂါသို့မဟုတ် သွေးအတွင်းရောဂါပိုးကူးစက်ဝင်ရောက်သောရောဂါတို့ဖြစ်ပွားနိုင်သည်။

          Haemophilus Influenzae ရောဂါပိုးမွှားသည် နှာခေါင်းနှင့် လည်ချောင်းထဲတွင် ခိုအောင်းနေထိုင်ပြီး ရောဂါရှိသူက ချောင်းဆိုးခြင်းသို့မဟုတ် နှာချေခြင်းတို့ကြောင့် အခြားလူများကို ရောဂါကူးစက်ပျံ့နှံ့စေသည်။ အဆိုပါရောဂါပိုးမွှားကြောင့် ဖြစ်ပွားသောရောဂါဝေဒနာများကို တားဆီးကာကွယ်ရန်အတွက် Hib ဟု ထင်ရှားကျော်ကြားသော ထိုးဆေးကို ထိုးထားပြီး တားဆီးကာကွယ်ရန် အရေးကြီးသည်။ ၎င်းထိုးဆေးသည် ဖြစ်ပွားမှုအများဆုံးရောဂါပိုးမွှားတစ်မျိုးကို တားဆီးကာကွယ်ပေးနိုင်စွမ်းရှိသည်။


Staphylococcus Aureus

ရောဂါပိုးကူးစက်ဖြစ်ပွားပါက Staph Infection စတတ်ဖ်ရောဂါပိုးကူးစက်ရောဂါဟု ရည်ညွှန်းပြောဆိုလေ့ရှိသည်။ အဆိုပါရောဂါပိုးမွှားသည် အရေပြားရောဂါပိုးကူးစက်ခြင်း၊ အဆုတ်ရောင်ရောဂါပိုးဖြစ်ပွားခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် သွေးအဆိပ်သင့်သောရောဂါဝေဒနာများ ဖြစ်ပွားစေသည်။

          အဆိုပါရောဂါပိုးကူးစက်ဝင်ရောက်မှု၏ အတွေ့ရအများဆုံးရောဂါလက္ခဏာများမှာ အရေပြားနီရဲရောင်ရမ်းခြင်း၊ နာကျင်သော အပူလောင်နာများနှင့် ဝက်ခြံထွက်ခြင်းတို့ဖြစ်သည်။ သို့ရာတွင် Methicillin ပဋိဇီဝဆေးဝါး (MRSA) ၏ ဒဏ်ကို ခံနိုင်ရည်ရှိသော Staph Infection ရောဂါပိုးကူးစက်မှုမှာ ယခုအခါ ပဋိဇီဝဆေးဝါးများကို ပိုမိုခံနိုင်ရည်ရှိလာသဖြင့် ဆေးဝါးကုသရန် ပိုခက်ခဲလာသည်ထက် ပိုခက်ခဲလာသည်။ သို့ဖြစ်ရာ Methicillin (MRSA) ပဋိဇီဝဆေးဝါးဒဏ်ခံနိုင်ရည်ရှိပြီး ဆေးယဉ်ပါးနေသော စတက်ဖ်ရောဂါပိုး ကူးစက်ဝင်ရောက်မှု မဖြစ်စေရန် တစ်ကိုယ်ရည်ကျန်းမာရေးကို အထူးဂရုစိုက်ခြင်း၊ အနာဒဏ်ရာများကို သန့်ရှင်းစွာထားခြင်း၊ ကွဲရှဟပြဲအနာဒဏ်ရာများကို ဖုံးအုပ်ထားခြင်း၊ တစ်ကိုယ်ရည်အသုံးပြုသော ဝေမျှအသုံးပြုခြင်းကို အထူးရှောင်ကြဉ်ခြင်းစသည်တို့ကို ပြုလုပ်ရန် ကျန်းမာရေးဌာနက အကြံပြုထားပါသည်။

Credit : ဇော်မိုးဦး



Related Articles


Advertisment 18