ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ ဘယ်လိုအစာပိုစားကြမလဲ
30-Oct-2016
သန္ဓေသားနှင့် နို့စို့ကလေး၏ ကြီးထွားမှုအတွက် ပရိုတင်းအာဟာရ လုံလောက်စွာရရှိရန် အသား၊ ငါး၊ ပုဇွန်၊ အသည်း၊ ဥ၊ နို့နှင့်ပဲအမျိုးမျိုးတို့ကို ပိုစားသုံးရမည်။သန္ဓေသား၏ သွေးနှင့်ကြွက်သားများ တည်ဆောက်ရန် လိုအပ်သည့် သံဓာတ်ကိုလုံလောက် စွာ ရရှိစေရန် သံဓာတ်ကြွယ်ဝသည့် အစာများကိုပို၍ စားရမည်။ သန္ဓေသားနှင့်နို့စို့ကလေး၏ အရိုးနှင့်သွားများ တည်ဆောက်ရာတွင် လိုအပ်သည့် ထုံးဓာတ်ကို လုံလောက်စွာ ရရှိစေရန် ထုံးဓာတ်ကြွယ်ဝသည့် အစာများကို စားရမည်။သန္ဓေသားနှင့်နို့စို့ကလေး၏ ကြီးထွားမှုအတွက် လိုအပ်သည့် ဗီတာမင်အေ လုံလောက်စွာရရှိရန် အိုင်အိုဒင်းဆားကိုသာ စားသုံးရမည်။ သံဓာတ်၊ ထုံးဓာတ်နှင့် အိုင်အိုဒင်းဆားအပြင် အခြားသောသတ္တုဓာတ်များကိုလည်းကောင်း၊ ဗီတာမင်အေအပြင် အခြားသော ဗီတာမင်များကိုလည်းကောင်း၊ လုံလောက်စွာရရှိစေရန် သား၊ ငါး၊ သီးနှံစုံလင်အောင် စားရမည်။
Ref:
Unicef၊ အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းလမ်းညွန်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

