ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ ့ တစ်နေ့ကို ခြောက်နာရီကျော်ထိုင်ခြင်းက...
30-Oct-2016
ကိုယ်ဝန်ဆောင်စဉ်မှာ အထိုင်များတဲ့အမျိုးသမီးတွေအနေနဲ ့ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်ပါရဂူတွေက သတိပေးပြောကြားလိုက်ပါတယ်။ Warwick ဆေးကျောင်းက ဆေးသုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုယ်ဝန် ၄လ၊၅လ၊ ၆လ ရှိပြီဖြစ်တဲ့အမျိုးသမီးတွေအနေနဲ ့တစ်နေ ့ကို ခြောက်နာရီကျော် ထိုင်ခြင်းက ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကိုယ်အလေးချိန်တိုးခြင်းနဲ့ သွေးတိုးဆီးချိုတို ့ရနိုင်ပြီး ဒီအခြေအနေတွေကြောင့် မွေးဖွားစဉ်မှာအခက်အခဲတွေ တွေ ့နိုင်တယ်လို ့ဆိုပါတယ်။နောက်ထပ်တွေ ့ရှိမှုအရ စိတ်မချမ်းသာ၊အားငယ်မှုခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပို အထိုင်များတတ်ပြီး ကိုယ်အလေးချိန်တိုးမှုနဲ့ ကိုယ်ဝန်ဆောင် ချိန်ဆီးချိုရောဂါတွေ ရနိုင်ခြေ ပိုများပါတယ်။ အရင်ကဆီးချိုမရှိပါဘဲနဲ ့ကိုယ်ဝန်ဆောင်ချိန်မှာမှ သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး သွေးတိုးဖြစ်ပေါ်မှု Gestational diabetes ကြောင့် မီးဖွားစဉ်မှာ မီးဖွားချိန်ကြာမြင့်ခြင်း၊ မီးဖွားမည့်ဆဲဆဲ သန္ဓေသားအနေအထား မူမမှန်မှု စတဲ့ birth complications တွေ တွေ ့စေနိုင်ပါတယ။ ဒါကြောင့်မို ့လို ့ဒီ အန္တရာယ်ကိုလျှော့ချနိုင်ဖို ့ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ ့ အထိုင်လျော့ပေးဖို ့အရေးကြီးပါတယ်” လို ့လေ့လာမှုကိုဦးဆောင်ခဲ့သူ Dr Nithya Sukumar က ပြောကြားခဲ့ပါတယ်။
Ref:
ဖိုးသူတော်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

