ခြောက်လထိ မိခင်နို့စို့သည့် ကလေးများသည် လိမ္မာယဉ်ကျေးနိုင်ခြေများဟုဆို
28-Feb-2017
အသက်ခြောက်လအထိ မိခင်နို့စို့ရသည့် ကလေးများသည် ပို၍လိမ္မာယဉ်ကျေးနိုင်ခြေများသည် ဟူသောအချက်ကို သုတေသီများက ရှာဖွေတွေ့ရှိသွားသည်။ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အတွင်း ကလေးပေါင်း ၁၅၀၀ ၏ အပြုအမူများကို ကျွမ်းကျင်သူများက အသေအချာ စောင့်ကြည့် လေ့လာခဲ့သည်။ တစ်လအရွယ်ထိသာ မိခင်နို့စို့ခဲ့ရသည့် ကလေးများသည် ခြောက်လအရွယ်အထိ မိခင်နို့စို့ခဲ့ရသောကလေးများယှဉ်လျှင်ပို၍ကြမ်းတမ်းကာထိန်းမနိုင်၊သိမ်းမရဖြစ်နိုင်သည်ဟု ၎င်း တို့လေ့လာတွေ့ရှိခဲ့ကြသည်။ စတော့တ်လန်ရှိ ဂလပ်စ်ဂိုတက္ကသိုလ်မှ ကျွမ်းကျင်သူများက ယင်းလေ့လာချက်ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက် မိခင်နို့သည် ကလေးတစ်ဦး၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက အခြားသောအချက်များအတွက်ပါ ကောင်းမွန်သည်ဆိုသည်ကို ၎င်းတို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကလေးခြောက်လအရွယ်အထိ မိခင်နို့တိုက်ပါက ကလေး၏ကိုယ်ခံစွမ်းအား၊ အစာခြေစနစ်တို့ ကောင်းမွန်ကာ ကင်ဆာဖြစ်နိုင်ခြေလည်း နည်းပါးသည်ဟူသော အချက်များကို ကျွမ်းကျင်သူများ ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် မိခင်နို့က ကလေး၏ ဉာဏ်ရည်ဉာဏ်သွေး၊ သင်ယူနိုင်မှုစွမ်းရည်နှင့် အပြုအမှုများအတွက်ပါ အကျိုးသက်ရောက်ရှိနိုင်သည်ဆိုသည့် အချက်များကိုမူ ပညာရှင်များက စတင်သိရှိလာကြခြင်းဖြစ်သည်။ ကလေးကို ခြောက်လအထိ မိခင်နို့တိုက်သည့် မိခင်အရေအတွက်ဟူ၍ ဗြိတိန်တွင် ၃၄ ရာခိုင်နှုန်းသာရှိသည်။ ထို့ကြောင့် ဗြိတိန်ကျန်းမာရေးပညာရှင်များကမိခင်များ ကလေးကို ခြောက်လအထိ နို့ချိုတိုက်ကျွေးရန် ဆော်သြကြရခြင်းဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ချယ်ရီ
Arogyam magazine, August 2016, Pg. 124
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
