ကလေးငယ်နှင့် အာဟာရချို့တဲ့မှု
24-Feb-2017
အာဟာရချို့တဲ့မှုနှင့် ကလေးရောဂါများဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်ဖြစ်ပေါ်နေတာပါ။ အာဟာရချို့တဲ့မှုကြောင့် ကလေးကို ရောဂါတစ်ခုပြီးတစ်ခု ဖြစ်နိုင်သလို၊ ကလေးရောဂါ မပျောက်ကင်းတဲ့အတွက်လည်း ကုသရာမှာဖြစ်ပါတယ်။
ကလေးများတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျှောရောဂါ ဝမ်းကိုက်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ၊ ငှက်ဖျားရောဂါနှင့် ကျန်တဲ့ရောဂါများကို စနစ်တကျ ကုသရန် လိုအပ်ပါတယ်။ မိဘများအနေနဲ့ ဆေးမြီးတိုနှင့် ကုသခြင်း၊ စပ်ဆေးများဖြင့် ကုသခြင်းများကြောင့် ရောဂါပျောက်ကင်းမှု မရှိတဲ့အတွက် ကလေးကို အာဟာရပြည့်ဝစွာ ကျွေးမွေးသော်လည်း ကလေးကြီးထွားမှု မရှိနိုင်ပါ။
ကလေးတွေကို မိဘတွေက “အား” ရှိရန်ဆိုပြီး “အားဆေး” တွေကို တစ်မျိုးပြီး တစ်မျိုး ပြောင်းပြီးတိုက်ကျွေးကြပါတယ်။ စနစ်တကျကျွေးမွေးပြီး ရောဂါ ရှိလျှင် ပျောက်အောင်ကုသရင် အားဆေးတိုက်ရန် မလိုအပ်ပါ။ အစားအစာ စားကောင်းရန်ဆိုပြီး ခံတွင်းကောင်းစေတဲ့ Cyprohepatidine ဆေးများကိုလည်း မတိုက်ကျွေးသင့်ပါ။ အာဟာချို့တဲ့မှာကိုလည်း မကာကွယ်နိုင်ပါ။ ရေရှည်တိုက်ကျွေးပါက ကလေးအတွက် ဘေးထွက်ဆိုးကျိုးများသာ ရမှာဖြစ်ပါတယ်။
Credit:
ပါမောက္ခဦးအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Health for all magazine, No.109, February 2016, Pg. 17
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
