Birthmark (Naevus) မွေးရာပါအမှတ်များ
24-Feb-2017
မွေးဖွားချိန်တွင် ကလေးငယ်၏ အရေပြားပေါ်ရှိ ပါလာနိုင်သော မွေးရာပါ အမှတ်မျိုးစုံ ရှိပါတယ်။ Port wine stain ဟူသော အမျိုးအစားတွင် ပန်းရောင်မှ ခရမ်းပြာရောင်အရင့်အထိ အမှတ်များတွေ့ရပြီး တစ်ခါတစ်ရံတွင် မျက်နှာပေါ်၌ပင် ကံမကောင်းစွာ ပါလာတတ်သည်။ ၎င်းကို ခွဲစိတ်ကုသသော်လည်း ပျောက်ကင်းမှု နည်းပါးသည်။ သို့ရာတွင် ယခုအခါ ဆရာဝန် ညွှန်ကြားချက်ဖြင့် “ Covermake ” “ Keromask” ကဲ့သို့သော လိမ်းဆေးများကို ဝယ်ယူသုံးစွဲနိုင်ပြီး သက်သာကြသည်ကိုလည်းတွေ့ရသည်။
အဖြစ်များသော မွေးရာပါအမှတ်တစ်ခုမှာ “ Strawberry Mark ” ဖြစ်သည်။ ၎င်းသည် မွေးဖွားချိန်တွင် သိသာထင်ရှားမှုမရှိသေးဘဲ ကလေးအသက် (၃) လအတွင်း လျင်မြန်စွာ ကြီးထွားပြီး ထူလာသည်။ ထို့နောက် နီရဲသော အရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားလေ့ရှိပြီး မိဘများကလည်း စိတ်ပူပင်တတ်ကြသည်။ သို့ရာတွင် စိုးရိမ်ဖွယ်ရာမရှိဘဲ (၂) နှစ် (၃) နှစ် အရွယ်အထိ ကြီးထွားတတ်ပြီး ကလေးငယ်၏ အသက် (၄) နှစ် မှ (၇) နှစ် အတွင်း လုံးဝပျောက်ကင်းသွားလေ့ရှိသည်။ သာမန် အားဖြင့် ဆေးကုသမှုခံယူရန် မလိုပါ။
ထို့ကြောင့် စိတ်ပူပင်တတ်သော မိဘများကို ပြောကြားလိုသည်မှာ “ Strawberry Mark” နှင့် “ Cavernous haemangioma” ဟူသည် မွေးရာပါအမှတ် အမျိုးအစားတို့သည် ကြာရှည်တွင် ပြန်လည်ပျောက်ကင်းသွားမည်ဖြစ်ပြီး တစ်စုံတစ်ခုနှင့် ထိခိုက်မိနေတတ်၍ မကြာခဏ သွေးထွက်တတ်သော အမျိုးအစား (ဥပမာ - အဝတ်နှင့် ပွတ်တိုက်မိနေခြင်း) တို့တွင်မူ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။ မျက်ခွံနှင့် လည်ဂုတ်တို့တွင် ပါတတ်သော သေးငယ်သော ပန်းရောင်ဖျော့ဖျော့ အမှတ်များမှာမူ ကလေးငယ်၏ ၄၀% ခန့်တွင် အလိုအလျောက် ပျောက်ကင်းသွားတတ်သဖြင့် စိတ်ပူပင်ရန် မလိုပေ။
Healthcare.com.mm
Ref:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
