ကလေး ချက်စူခြင်း
30-Oct-2016
မွေးပြီး အသက်တစ်လ၊ နှစ်လခန့်အရွယ်မှစ၍ တချို့ကလေးများ ချက်စူလာကြသည်။ တစ်နေ့တစ်ခြား စူလာသော ချက်ကို ကြည့်၍ အချို့မိဘများ စိတ်ပူကြသည်။ မလှမှာ စိုးရိမ်သူတို့ ရှိသလို စူနေသော ချက်အတွင်းရှိ အူညပ်သွားမည်ကို စိုးရိမ်သူတို့လည်းရှိသည်။တကယ်တော့ ချက်စူသည်ဆိုတာက ၀မ်ဒဗိုက်အရှေ့ အလယ်ကြွက်သားမြှောင် (rectus) နှစ်ခုအလယ်မှ အဆက်လေးကွဲသွား၍ အူလေးထွက်နေခြင်းဖြစ်သည်။ လက်နှင့် ဖိသွင်းလိုက်လျှင်ပြန်ဝင်သွားသော်လည်း လွှတ်လိုက်တာနှင့် ချက်ချင်း ပြန်ထွက်လာသည်။ စိတ်ပူစရာမရှိတာက ဒီအူကျွံတာက အူကျတာကို ညပ်ကာ၊ ခေါက်တာ ဘယ်တော့မှ မဖြစ်။ ဒီလိုပဲ ၀င်လိုက် ထွက်လိုက် ဖြစ်နေပါမည်။အသက် တစ်နှစ်နောက်ပိုင်း ၀မ်းဗိုက်ကြွက်သားများ အားကောင်းလာသောအခါ ပြန်စေ့သွားပြီး ပျောက်သွားတတ်သည်။ ပျောက်သွား်ခဲ့ရင်တောင် ခွဲစိတ်၍ ပြန်စေ့ပေးရလျှင် အပေါ်ယံ အရေပြားအောက် ဘာမှ စိုးရိမ်စရာ မရှိပါဘူး။
Ref:
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
Pg,112-113
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

