Umbilical hernia ချက်ဖေါင်းခြင်း
30-Oct-2016
ချက် အူကျွံတာ (ဟာနီယာ) ခေါ်တယ်။ ချက်မှာအပေါက်လေး ရှိနေလို့ဖြစ်တယ်။ မွေးပြီး (ချက်ကြိုးပြတ်ပြီး) အလိုလိုပိတ်ရမှာကကျန်နေလို့ဖြစ်တယ်။ ကလေးတွေကိုချက်ဖေါင်းခေါ်တာမျိုး။ ကြီးမှလည်း ရှားရှားပါးပါးဖြစ်တယ်။ စိုးရိမ်စရာမရှိပါ။အပေါက်သေးရင် အူအခွေတခုလုံး ထွက်ဘို့ခက်တယ်။ ဒါပေမယ့် ထွက်နေတာပြန်မဝင်ရင်တော့ အူလမ်းပိတ်သလို ဖြစ်လာတတ်တယ်။ အပေါက်ကျယ်ရင် ဝင်လိုက်ထွက်လိုက်ဖြစ်တယ်။ လှဲအိပ်လိုက်ရင် အလိုလိုဝင်မယ်။ မဝင်လည်းကိုယ့်လက်နဲကိုယ် ပြန်သွင်းရင်ဝင်တယ်။ ဝင်တာခက်နေရင် ရေခဲကပ်ပေးနိုင်တယ်။ လိုလာရင် အိပ်ဆေးထိုးပြီး ပြန်သွင်းပေးနိုင်တယ်။ ပြန်မဝင်ပဲကြာနေရင် ဝမ်းချုပ်၊ ဗိုက်ဖေါင်း၊ လေတက်၊ အန်တာဖြစ်လာတတ်တယ်။ပြန်သွင်းမရရင်တော့ အရေးပေါ်ခွဲရမယ်။ အချိန်ယူပြီး အေးအေးဆေးဆေးလည်းခွဲနိုင်တယ်။ ကြွက်သားအားကောင်းစေသင့်တယ်။ လေ့ကျင့်ခန်းနဲ့ မသင့်ပါ။ပိုဆက်ဆီယမ်လိုမယ်။ ပိုတက်ဆီယမ်ဆေးက ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ဆေးမှုံ့။ ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာများ = လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ နွားနို့၊ အာလူး။ဖရဲသီး၊ ပဲသီး၊ အသား၊ စပျစ်သီး၊ ရောဂတ်၊ အသီးခြောက်များ။
ကလေးမှာချက်စူတာ
-------------------------
ကလေးငိုရင် ချက်မှာစူထွက်လာတာကို Umbilical hernia ချက်အူကျွံတယ်လို့့ခေါ်တယ်။ ကလေးကို တခါတည်းနာမယ်ပေးတယ်။ ချက်ဖေါင်းလို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကလေးအသက် ၁-၂ နှစ်အထိစောင့်ကြည့်နိုင်တယ်။ အငိုသက်သာလာရင်၊ ကြွက်သားအားကောင်းလာရင် အလိုလိုပြန်ပိတ်မယ်။၂ နှစ်ကျော်လို့မပျောက်သေးရင်တော့ ခွဲစိတ်ပြုပြင်သင့်တယ်။ တချို့က ၄ နှစ်အထိစောင့်ခိုင်းတယ်။မွေးစကလေးတွေသာမကလူကြီးတွေမှာလည်းဖြစ်တယ်။လူကြီးတွေ ကိုယ်အလေးချိန်များရင်၊ ကိုဝန်ဆောင်ရတာများရင်၊ ရေဖျင်းရှိနေရင်၊ အရင်ကဗိုက်ခွဲဘူးရင်၊ Chronic peritoneal dialysis လုပ်ဘူးရင် ဖြစ်နိုင်တယ်။ကလေးတွေမှာ မွေးတော့သေးနေရင်ပိုဖြစ်တယ်။ ယောက်ျားလေး၊ မိန်းကလေးဆတူဖြစ်တယ်။ လူကြီးဆိုရင် မိန်းမတွေက ပိုဖြစ်ကြတယ်။ ကလေးမှာဖြစ်တာစိုးရိမ်စရာမရှိပါ။ ကလေးတွေမှာ တခုသာ သတိထားရမယ်။ ချက်အတွင်းပေါက်ကနေစူထွက်လာတဲ့အူက အထဲပြန်မဝင်နိုင်ရင် အူလမ်းဆို့ပတ်နေမယ်။ အန်မယ်၊ ဝမ်းချုပ်မယ်။ အရေးပေါ်ဖြစ်တယ်။ ထွက်နေတဲ့အပိုင်းဆီ သွေးမလျှောက်နိုင်ရင် ခွဲစိတ်တဲ့အခါ အူကိုဖြတ်ဆက်ရနိုင်တယ်။ အင်မတန်ဖြစ်ခဲပါတယ်။ ကလေးတွေ အူကျွံတာကနာလို့ငိုငိုနေရင်၊ အပေါက်က ၁့၅ စင်တီမီတာထက်ကျယ်ရင်၊ အသက် ၂ နှစ်နေလို့ အရွယ်အစားသေးမလာရင်၊ ၄ နှစ်နဲ့မပျောက်ရင်၊ ထွက်လာတဲ့အူကိုသွင်းမရရင် ခွဲစိတ်ရပါမယ်။
Ref:
ဒေါက်တာတင့်ဆွေ
၂-၉-၂ဝ၁၅
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
