ကလေးအနားမှာဖုန်းအသုံးပြုခြင်း
12-Sep-2017
ကလေးအနား mobile ဖုန်းသုံးရင် ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်ကြောင့် ဦးနှောက်မှာ အကျိတ်ဖြစ်တယ်လို့ လတ်တလော ရေးသူပြောသူတွေ များလာပါတယ်။ မိဘတွေက စိတ်ပူကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နှစ် ၂၀ ကြာအောင် သုတေသနများစွာလုပ်ပြီးတဲ့အခါ ဖုန်းရဲ့ဓာတ်ရောင်ခြည်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ လက်ရှိသုတေသနများအရ ဖုန်းနှင့်အင်တာနက်သုံးခြင်းကြောင့် ကိုယ်ဝန်ထိခိုက်ခြင်းနှင့် သားသီးမြုံခြင်များ ဖြစ်နိုင်ကြောင်းလည်း မတွေ့ရှိပါ။
အချို့မိဘများက စိုးရိမ်နေသေးတယ်ဆိုရင်တော့ ကလေးလူကြီးမရွေး ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုနည်းအောင် အောက်ပါအချက်များကို လိုက်နာနိုင်တယ်လို့ဆိုပါတယ်။ ကလေးနား ဖုန်းပြောရင် မလိုအပ်ဘဲ ကြာရှည်မပြောပါနဲ့။ မသုံးတဲ့အချိန် flight mode လုပ်ထားနိုင်တဲ့ ဖုန်းဆိုရင်လုပ်ထားလိုက်ပါ။ ကလေးကြီးများကို ဖုန်းဝယ်ပေးထားရင် အကျီင်္၊ ဘောင်းဘီ အိတ်ကပ်ထဲ မထည့်ထားခိုင်းပါနဲ့။ လွယ်အိတ်၊ ကျောပိုးအိတ်ထဲထည့်ထားနိုင်ပါတယ်။ ဖုန်းနဲ့ဦးနှောက်ဝေးကွာအောင် headset နားကျပ်များ တပ်ပြီးပြောနိုင်ပါတယ်။ ဖုန်းလိုင်းကောင်းသောနေရာတွင်သုံးပါ။ လိုင်းမမိလျှင် ဖုန်းကလိုင်းရှာရန် လျှပ်စစ်သံလိုက်ဓာတ်ရောင်ပိုထုတ်ရပါတယ်။
Credit:
Dr. Khine Chit Su
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
