အလယ်ကောင်တွင် အချိုင့်သေးသေးလေးပါသော အသီးလေးများ (Mollnscum Contagiosu...
29-Aug-2017
အရွယ်အစားကတော့ ပင်အပ်ခေါင်းလောက်ကနေ မီးခြစ်ဆံခေါင်းလောက် အရွယ်အစားအတွင်းရှိမည်။ အတွဲလိုက် အပြွတ်ပြွတ်လည်းနေတတ်သည်။ သီးခြားဟိုတစ်စက်၊ ဒီတဟ်စက်လည်း ရှိတတ်သည်။ နီလည်းမနီ၊ နာလည်းမနာ၊ ပွားတော့ပွားလာတတ်သည်။ ကပ်ကြည့်လျှင်တော့ အလယ်ကောင်မှာ ချိုင့်ချိုင့်လေးတွေ့ရမည်။ Pox virus ခေါ် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဒီဗိုင်းရပ်စ်၏ သဘောက သူ့ကိုသေအောင် သတ်လို့မရ။ သူကတော့ သူ့သက်တမ်းစေ့လျှင် သေသွားသည်။ ပွားနေတာကို ကြည့်တုန်းက စိတ်ပူစရာဟု ထင်ရသော်လည်း ဗိုင်းရပ်စ်သက်တမ်းစေ့၍ သေသွားတော့ အပွားရပ်သွားသည်။ ပြီးတော့ ကြွေကုန်သည်။ အမာရွတ်လည်း မထင်အစအဆုံးကတော့ ခြောက်လမှ တစ်နှစ်ခန့်ကြာတတ်သည်။
အမှုမဲ့အမှတ်မဲ့ ထားမိသည့် မိဘများလည်း ရှိသလို ကိုယ့်ကလေးမလှမှာ စိုး၍ ဆေးမြီတိုမျိုးစုံ စမ်းကြည့်ကြသည့် မိဘများလည်းရှိသည်။ ဆေးမြီးတိုက အခန့်မသင့်၍ အရေပြားကို လောင်သွားလျှင် အမာရွတ်ထင်တတ်သည်။ ဒီအစေ့လေးတွေ ဒီအတိုင်းထားလို့ ကြေသွားလျှင် အမာရွတ်မထင်။ ဒီတော့ ထိုင်စောင့်တာအကောင်းဆုံး။ ခြောက်လကြာကြာ တစ်နှစ်ကြာကြာပေါ့။ ချက်ချင်းပျောက်ချင်လျှင်တော့ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ခန်းထဲတွင် လျှပ်စစ်အပ်ဖြင့် တစ်လုံးချင်းရှို့ပေး၍ ရသည်။ လူကြီးလိုတော့ ငြိမ်ငြိမ်ခံမှာမဟုတ်။ ကလေးရုန်းမည်စိုး၍ မေ့ဆေးက ပေးရဦးမည်။ သူ့ဟာသူနေလည်း ပျောက်မည့်အရာကို ချက်ချင်းလှချင်တာတစ်ခုတည်းနှင့် ထိုသို့ လုပ်ရမှာ ကျွန်တော်ကတော့ တန်သည်မထင်။
ကြွက်နို့နှင့်ပင် ယှဉ်၍ စဉ်းစားကြည့်ကြပါစို့။ ကြွက်နို့လည်း ဒီဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်တာပင်။ ကြွက်နို့ကျတော့ အပြွတ်လိုက်ဖြစ်ပြီး အရွယ်အစား ကြီးတော့ လူသိပိုများသည်။ ကြွက်နို့လည်း သုံးလိုက်ကြသည့် ဆေးမြီးတိုတွေကို စုံလို့။ ပလတ်စတာ ကပ်ရတာကတစ်မျိုး၊ လိမ်းရတာကတစ်မျိုး၊ လမ်းဘေးတွင် မသန့်မပြန့်အပ်တွေ ဓားတွေနှင့် သမမည့် ပုဂ္ဂိုလ်ထံ ကိုယ့်လက်ကိုယ့်ခြေ သွားအပ်သည်အထိ အသိဉာဏ်ထုံထိုင်းသူတို့လည်း ရှိသည်။ ဘယ်တုန်းကများ ပျောက်ဖူးပါသလဲ။အချိန်တန်လျှင် ပြန်ထွက်လာသည်သာ။ သို့သော်တစ်သက်လုံး ကြွက်နို့နှင့်နေရသူ ဘယ်သူရှိလို့လဲ။ နောက်တော့လည်း ဗိုင်းရပ်စ် သက်တမ်းစေ့တော့ ပျောက်သွားသည်သာ။ သည်အချိန်မှာ ကြွက်နို့ မန်းတတ်တဲ့ သူနှင့် တွေ့လိုက်လို့ကတော့ ထိုမန်းဆရာ အခြောက်တိုက် နာမည်ကြီးမည်သာမှတ် Mollnscum Contagiosum လေးတွေကလည်း ဒီဗိုင်းရပ်စ်ကြောင့်ပင်ဖြစ်သည့် ဒီအုပ်စုဝင် ပြဿနာသာဖြစ်ပါသည်။ ဘာမှလုပ်ရန်မလိုပါ။
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
