ကလေးနှင့်ဓာတ်မတည့်ခြင်း
22-Aug-2017
ဓာတ်မတည့်သောလက္ခဏာများ
(၁) အရေပြားအင်ပြင်ထခြင်း
(နီရဲခြင်း (သို့) နှင်းခူကဲ့သို့ဖြစ်ခြင်း)
(၂) အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရပ်တတ်ခြင်း
(၃) နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားယံခြင်း
(၄) ဗိုက်အောင့်ဗိုက်နာ ခဏခဏဖြစ်လွယ်ခြင်း၊
ဓာတ်မတည့်ခြင်းကိုဖြစ်စေသောအရာများ
(၁) အပြင်ရှိ ပန်းဝတ်မှုန်များ၊ အင်းဆက်ပိုးကောင်ကိုက်ခံရခြင်း (သို့မဟုတ်) တုတ်ခံရခြင်း
(၂) အိမ်အတွင်းရှိ အိမ်မွေးတိစ္ဆာန်တို့၏ အမွှေးများ၊ အမှုံများ၊ မှိုများ၊
(၃) ဆေးလိပ်၊ စီးကရက်ရနံ့များ၊ ရေမွှေးများ၊ ကားအခိုးအငွေ့များ၊
(၄) အစားအသောက် (ဥပမာ မြေပဲ၊ ကြက်ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ)
ကလေးငယ်ဓာတ်မတည့်လက္ခဏာဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းရှိ ဆရာဝန်နှင့် အမြန်သွားရောက် ကုသမှုခံယူသင့်ပါသည်။ ကုသမှုခံယူပြီးလျှင်လည်း ကလေးငယ်နှင့် မတည့်သောဆေး၊ အစားအသောက်ကို သေချာသိရှိမှတ်သားထားဖို့လိုပါသည်။ သို့မှသာ ဓာတ်မတည့်သောအရာက ကလေးငယ်ကို နောက်ထပ် ဓာတ်မတည့်မှုဖြစ်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ဓာတ်မတည့်ခြင်းသည် အရေပြားပေါ်တွင် အဖုအပိန့်လေး ဖြစ်ပါသည်။ ဓာတ်မတည့်ခြင်းသည် အရေပြားပေါ်တွင် အဖုအပိန့်လေး ဖြစ်တတ်ပြီး အသက်ရှူရုတ်တရက် ရပ်တတ်သည်အထိ ဆိုးရွားနိုင်ပါသည်။ ထို့ကြောင့် ဓာတ်မတည့်ခြင်း ဖြစ်လာလျှင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ကာ ကုသမှုကို ခံယူသင့်ပါသည်။
Credit: Dr.Khine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
