Print

အာဟာရချို့တဲ့ရောဂါ

  24-Feb-2017
Preview Image

အာဟာရဟု သိမှတ်ထားသော အစားအစာများတွင် 


(၁) အင်အားကိုဖြစ်စေသော ကာဘိုဟိုက်ဒရိတ် (carbohydrates) ခေါ် ကစီဓာတ်၊
(၂) ခန္ဓာကိုယ် ကြီးထွားရေးကို အားပေးသော ပရိုတင်း (Protein) ခေါ် အသားဓာတ်၊ 
(၃) အင်အားအဖြစ် ပြောင်းလွဲ သုံးနိုင်သော အဆီဓာတ် (fat)၊ 
(၄) ရောဂါများကို အတော်အတန် ကာကွယ်ပေးနိုင်သော ဗီတာမင် (vitamins) ခေါ် သက်စောင့်ဓာတ်နှင့် 
(၅) ခန္ဓာကိုယ်အတွက် မရှိလျှင် မဖြစ် သော အချို့သတ္တုဓာတ်တို့ ပါဝင်ကြပေသည်။ ၎င်း ၅ မျိုးထဲမှ တစ်မျိုးမျိုး လျော့နည်း နေလျှင် အာဟာရပြည့်ဝသည်ဟု မခေါ်ဆိုနိုင်တော့ပေ။

 

Calorie ခေါ် အင်အားဓာတ်သည် လှုပ်ရှားမှုအတွက် မရှိမဖြစ်သော အာဟာရ ဓာတ်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းဓာတ် ချို့တဲ့လျှင် လှုပ်ရှားမှုများ နှေးကွေးသွား တတ်သည်။ မွေးစအရွယ်မှပင် စတင်၍ လှုပ်ရှားမှု ဆိုသည်မှာ အမြဲမပြတ် လုပ်နေကြ သည့် ကိစ္စတစ်ရပ်ပင်ဖြစ်သည်။ လမ်းမလျှောက်သေးသည့် ကလေးငယ်အရွယ် ပင် ဖြစ်လင့်ကစား သူနှင့်တန်သည့် အင်အားအလျောက် ခြေ၊ လက် လှုပ်ရှားမှုကတော့ ရှိနေမြဲဖြစ်ပေသည်။ ထို့ကြောင့် အင်အားဓာတ်သည် မွေးစမှပင် လုံလုံလောက်လောက် ရှိနေအပ်ပေသည်။ အင်အားချို့တဲ့လျှင် မာရစမတ် (Marasmus) ခေါ် အင်အားချို့ တဲ့ရောဂါဟု ခေါ်ဆိုနိုင်သော အာဟာရချို့တဲ့ရောဂါတစ်မျိုး ရလာမည်ဖြစ်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မျိုးဟန်
ကလေးအထူးကုဆရာဝန်ကြီး
သားသားမီးမီးတို့ ဖြစ်တတ်သောရောဂါများ -၂ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18