အော့တစ်ဇင်ကလေးငယ်များကို ရေနွေးနွေးများကို ရေနွေးနွေးဖြင့် ရေချိုးပေး
30-Oct-2016
အော့တစ်ဇင် (Autism) ကလေးငယ်များမှာ မွေးဖွားလာပြီး စကားစပြောသောအရွယ်၊ တစ်ခါတစ်ရံ သုံးနှစ်ခန့်ကြာမှသာ ဉာဏ်ရည်မမီ၊ ထိန်းကျောင်းရခက်ခဲတဲ့ ကလေးငယ်များဖြစ်ကြောင်း သိရှိရတာများပါတယ်။ ဒီလိုကလေးမျိုးဟာ မိမိပြုလုပ်တဲ့ အလုပ်တစ်ခုကို ထပ်ခါတလဲလဲ ပြုလုပ်တတ်သော အလေ့အထရှိပြီး ထိန်းကျောင်းရခက်ခဲခြင်း၊ လူမှုဘဝ (Sociable) ဖြစ်ဖို့ လေ့ကျင့်သင်ကြားရခက်ခဲခြင်းများ ရှိတတ်ပါတယ်။ နောက်ဆုံးလေ့လာစမ်းသပ်မှုများအရ Autism ကလေးငယ်များကို (Hot Bath) လို့ခေါ်တဲ့ ရေနွေးဖြင့် ရေချိုးစေခြင်းဖြင့် သူတို့ရဲ့ အပြုအမူများကို နူးည့ံငြိ်မ်သက်မှုပေးစေနိုင်ကြောင်း တွေ့ရှိရတယ်လို့ အမေရိကန်သုတေသနများက နယူယောက်ခ်မြို့၊ အဲလ်ဘတ်အိုင်စတိုင်း ဆေးပညာကောလိပ်မှာ ပြုလုပ်သော သုတေသနမှ ဖော်ပြထားပါတယ်။ ကလေးများကို ရေနွေးထဲမှာ နာရီဝက်ခန့်ထိုင်စေခြင်း (Sitting hot water for half an hour) ပြုလုပ်စေခြင်းဖြင့် ခေတ္တခဏ စိတ်ရောလူပါ ငြိမ်သက်မှုရစေခြင်း၊ လူအများနှင့် ဆက်ဆံရန် အဆင်ပြေလာခြင်း၊ အပြုအမူတစ်ခုကို ထပ်ခါတလဲလဲပြုလုပ်နေတတ်ခြင်းစသည်တို့ ပြုလုပ်မှုနည်းလာတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။
Healthcare.com.mm
Ref:
Zawaga magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
